ဟားငါးကောင် လူရွှင်တော် အဖွဲ့က တော့ တော်လှန်ရေး တိုက်ပွဲ များတွင် တတ်နိုင်တဲ့ နေရာကနေ ပါဝင် ဆောင်ရွက်ဖို့ အတွက် လွတ်မြောက် နယ်မြေ တွင် စစ်သင် တန်းတက် ရောက်နေ ကြပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှု့ တွေကိုလည်း ပြည်သူတွေ သိရှိကြစေဖို့ အမြဲလိုလို ဝေ မျှ ပေးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက် ကလည်း လူရွှင်တော် တိုင်းကျော် ရဲ့ လူမှု့ ကွန်ယက်မှာ ကြည်နူးစရာ သတင်းလေး တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ မနက်ဖြန် မှာ ကျရောက် တော့မယ့် အမေစု ရဲ့ မွေးနေ့ အတွက် မွန်မြတ်တဲ့ လက်ဆောင်တစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ အမေ့ရဲ့ မွေးနေ့ အတွက် သူတို့ တစ်ဖွဲ့လုံး နှစ်ချီ သောက်ခဲ့ကြတဲ့ အရက်ကို သစ္စာ ဆိုပြီး လှူလိုက် ကြပြီ ဖြစ်ပါတယ်။ အမေ ပြန်လာမှ တောင်ရှည် ရင်ဖုံး ပြန်ဝတ်ပြီး စင်ပေါ်ပြန်တက် မယ့်အကြောင်းကို လည်း အခုလို ရေးသား ဝေမျှထားတာ ဖြစ်ပါတယ်။

“မနက်ဖြန် အမေ့ မွေးနေ့ ကို သားတို့ အတက်နိုင်ဆုံး အကောင်းဆုံး ကြိုးစား စီစဉ်ထားတယ် အမေ။သားတို့ အမေ ပြန်လာမှ တောင်ရှည် ရင်ဖုံး ပြန်ဝတ်ပြီး စင်ပေါ် ပြန်တက်မယ်အမေ . ………ဪ မေ့လို့ အမေ တိုးကျော် ၊ ပိုးလေး ၊ ဝိုင်းကျော် ၊ ပြည်ကျော် ၊ တို့ နှစ် နဲ့ ချီသောက် ခဲ့တဲ့ အရက်ကိုအမေ့ မွေး နေ့ လက်ဆောင်အဖြစ် ၊ သစ္စာဆို လှူလိုက်ကြပြီ အမေ ၊ သားလည်း ဘီယာ မသောက်တော့ဘူး နော် အမေ”ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဟားငါးကောင် အဖွဲ့သား တွေပေးတဲ့ မွေးနေ့လက်ဆောင် လေးကြောင့် မျက်ရည်ကျမိ တဲ့အထိ ကြည်နူး ရကြောင်း မှတ်ချက် ပေးရေးသားထားကြတာ ဖြစ်ပါတယ်။ အားလုံးလည်း အပျော်တွေကူးစက် သွားကြစေဖို့ ဒီသတင်းလေး ကို တင်ဆက်ပေးလိုက် ရပါတယ်။

Source Taingkyaw
Credit,,,,,celebrity platforms

ZAWGYI

ဟားငါးေကာင္ လူရႊင္ေတာ္ အဖြဲ႕က ေတာ့ ေတာ္လွန္ေရး တိုက္ပြဲ မ်ားတြင္ တတ္နိုင္တဲ့ ေနရာကေန ပါဝင္ ေဆာင္ရြက္ဖို႔ အတြက္ လြတ္ေျမာက္ နယ္ေၿမ တြင္ စစ္သင္ တန္းတက္ ေရာက္ေန ၾကၿပီ ျဖစ္ပါတယ္။ သူတို႔ရဲ့ လႈပ္ရွားမႈ႔ ေတြကိုလည္း ျပည္သူေတြ သိရွိၾကေစဖို႔ အျမဲလိုလို ေဝ မၽွ ေပးေနၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္ ကလည္း လူရႊင္ေတာ္ တိုင္းေက်ာ္ ရဲ့ လူမႈ႔ ကြန္ယက္မွာ ၾကည္ႏူးစရာ သတင္းေလး တစ္ခု တင္ထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ မနက္ျဖန္ မွာ က်ေရာက္ ေတာ့မယ့္ အေမစု ရဲ့ ေမြးေန႔ အတြက္ မြန္ျမတ္တဲ့ လက္ေဆာင္တစ္ခု ေပးဖို႔ ဆုံးျဖတ္လိုက္ၾကတာ ျဖစ္ပါတယ္။ အေမ့ရဲ့ ေမြးေန႔ အတြက္ သူတို႔ တစ္ဖြဲ႕လုံး ႏွစ္ခ်ီ ေသာက္ခဲ့ၾကတဲ့ အရက္ကို သစၥာ ဆိုၿပီး လႉလိုက္ ၾကၿပီ ျဖစ္ပါတယ္။ အေမ ျပန္လာမွ ေတာင္ရွည္ ရင္ဖုံး ျပန္ဝတ္ၿပီး စင္ေပၚျပန္တက္ မယ့္အေၾကာင္းကို လည္း အခုလို ေရးသား ေဝမၽွထားတာ ျဖစ္ပါတယ္။

“မနက္ျဖန္ အေမ့ ေမြးေန႔ ကို သားတို႔ အတက္နိုင္ဆုံး အေကာင္းဆုံး ႀကိဳးစား စီစဥ္ထားတယ္ အေမ။သားတို႔ အေမ ျပန္လာမွ ေတာင္ရွည္ ရင္ဖုံး ျပန္ဝတ္ၿပီး စင္ေပၚ ျပန္တက္မယ္အေမ . ………ဪ ေမ့လို႔ အေမ တိုးေက်ာ္ ၊ ပိုးေလး ၊ ဝိုင္းေက်ာ္ ၊ ျပည္ေက်ာ္ ၊ တို႔ ႏွစ္ နဲ႔ ခ်ီေသာက္ ခဲ့တဲ့ အရက္ကိုအေမ့ ေမြး ေန႔ လက္ေဆာင္အျဖစ္ ၊ သစၥာဆို လႉလိုက္ၾကၿပီ အေမ ၊ သားလည္း ဘီယာ မေသာက္ေတာ့ဘူး ေနာ္ အေမ”ဆိုၿပီး ေရးသား ထားတာ ျဖစ္ပါတယ္။ပရိသတ္ေတြကလည္း ဟားငါးေကာင္ အဖြဲ႕သား ေတြေပးတဲ့ ေမြးေန႔လက္ေဆာင္ ေလးေၾကာင့္ မ်က္ရည္က်မိ တဲ့အထိ ၾကည္ႏူး ရေၾကာင္း မွတ္ခ်က္ ေပးေရးသားထားၾကတာ ျဖစ္ပါတယ္။ အားလုံးလည္း အေပ်ာ္ေတြကူးစက္ သြားၾကေစဖို႔ ဒီသတင္းေလး ကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source Taingkyaw
Credit,,,,,celebrity platforms