ပရိသတ်ကြီးတို့ရေ မော်ဒယ် ရွေရူပါဦးကတော့ အနုပညာ လမ်းကြောင်းမှာ မော်ဒယ် တစ်ယောက်လို့…သူမ ကိုယ်သူမ ပြောနေကြပေမဲ့ ပရိသတ်တွေကတော့ သူမကိုတပ်ချစ်သူ လို့ပဲ သိထားကြပါတယ်နော်…တစ်ချို့ဆိုရင်သူမကို ခုမှမြင်ဖူးတာဆိုပြီးတောင် ရေးသားနေကြပါတယ်။ မကြာခင် ရက်ပိုင်းတုန်းကတော့…သူမကို ကားတွေ ပါပိုင်ဆိုင် ချမ်းသာလာပြီဆိုလို့ လူတွေ အကြား ပွဲဆူသွားရပြန်ပါ တယ်နော်…အခုလဲ လူပြောများနေတဲ့ သူမရဲ့ခြေထောက်ဟာ လူတွေ ထင်နေသလို ဆင်ခြေထောက်မဟုတ်ကြောင်းဟိုနေ့က သက်သေ နဲ့ တကွ ရှင်းပြလာခဲ့ပါတယ်နော်…အခုလဲ ဒါ့အပြင်သူမကို အားပေးတဲ့ ပရိသတ် သောင်းချီ ရှိကြောင်း ပုံလေးနဲ့ သက်သေပြခဲ့ပါသေးတယ်…ဒါဟာ အမှန်ဆိုရင်သူမ ရဲ့ ဖန်အင်အားက မသေးဘူးဆိုတာ ပရိသတ်ကြီးလဲ မြင်မိမယ်ထင်ပါတယ်…

ဒါဆို သူမရဲ့ Fandom nameကို Shweze လို့ပေးထားတာ ဖြစ်ပါတယ်နော်။ သူမကတော့အခုထိ ဇာတ်ကားတကားမှ မရိုက်ဖူးသေးပါဘူးနော်။ဒါကို သူမကိုသူမ မင်းသမီးလို့ သုံးနှုန်းထားပါသေးတယ်။အခုတော့ သူမ ရဲ့ တပ်မတော်အပေါ် ချစ်မှူကြောင့် …သူမအားMRTVမှာ ဇာတ်လမ်းတွဲတွေ ကြေညာတွေရိုက်ဖို့ အခွင့်ရေးပေးခဲ့ပါတယ်အခုလဲ စကစက ဖိတ်ကြားတဲ့ ပွဲကို သွားခဲ့တဲ့ ရန်အောင်ကို သာကူးဆိုပြီး ဒဲ့ဝုန်းလာပါတယ်…

သူမpageတွင် ရန်အောင်ရဲ့ Feb တုန်းက လက်သုံးချောင်းထောင်ပုံ နဲ့ လက်ရှိ စကစက ဖိတ်ကြားပွဲသွားနေပုံကို တွဲတင်ခဲ့ပြီးအခုလို ရေးထားပါတယ်…“သာလာတော့ ကူးကြပြီလေ သာကူးဆိုသည်မှာကူးချင်ရင် အချိန်မှီသေးတယ်နော် ”ဆိုပြီးဖြစ်ပါတယ်ရန်အောင်ကတော့ …အနုပညာ မောင်နှမတွေ လွှတ်ပေးရန် တောင်းပန်ဖို့ ပွဲကို တတ်ခဲ့တယ်လို့ ဖြေရှင်းခဲ့ပါတယ်…ပရိသတ်ကြီးလဲ ရန်အောင်ကို ဘယ်လို မြင်လဲဆိုတာ မှတ်ချက်ပြုရေးသားခဲ့ပါဦးနော်…

Credit…Celebrity Platforms

ZAWGYI



