စက်တင်ဘာလ (၇)ရက်နေ့မှာ D Day လို့ကြေငြာပြီး နောက်မှာတော့ ပြည်သူတွေနဲ့ ရဲဘော်တွေက စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်သွားကြမှာပဲဖြစ်ပါတယ်။တောထဲရောက်နေကြတဲ့ အနုပညာရှင် တချို့ကလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်နေကြလို့ ပြည်သူတွေက ရဲဘော်တွေအကုန်လုံးဘေးကင်းပါစေလို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

ပြည်သူတွေချစ်တဲ့ မင်းမော်ကွန်းကလည်း အခုချိန်မှာ အားသွန်ခွန်စိုက် နဲ့ ကျရာတာဝန်ကိုကျေပွန်အောင် ထမ်းရွက်နေတာပဲဖြစ်ပါတယ်။မင်းမော်ကွန်းကို ရဲဘော်တချို့ကလည်း ချစ်ခင်လေးစားကြပြီး ညီအစ်ကို တွေလိုမျိုး ခင်မင်ရင်းနှီးတာဖြစ်ပါတယ်။

ဒါ့ကြောင့် မင်းမော်ကွန်းကလည်း သူ့ထက်ငယ်တဲ့ ရဲဘော်တွေကို ညီအရင်းလိုမျိုး ဆုံးမသွန်သင် ပေးတာဖြစ်ပါတယ်။မင်းသားတစ်ယောက် ဖြစ်ပေမယ့် တောတောင်ထဲမှာ အကုန်လုံး နဲ့ လိုက်လျောညီထွေစွာ နေထိုင်တတ်တာကြောင့် ရောက်ရာအရပ်မှာ လူချစ်လူခင်ပေါများတာဖြစ်ပါတယ်။ဒါ့ကြောင့် ရဲဘော်တစ်ယောက်က မင်းမော်ကွန်းရဲ့လုံခြုံရေးတဲ့ပတ်သက်ပြီး မစိုးရိမ်ကြဖို့ ရေးသားလာတာဖြစ်ပါတယ်။

ပြည်သူချစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးက ရဲဘော်တွေအကုန်လုံးကို အဓိကအထူးကာကွယ်စောင့်ရှောက်ပေးနေသလို အစ်ကိုလိုခင်မင်ရတဲ့မင်းမော်ကွန်းကိုလည်း ထိုင်းပြန် တော်လှန်ရေးရဲဘော် G.Z တွေက ရှေ့ကနေ မားမားမတ်မတ် ရင်ဆိုင်ပေးသွားမှာဖြစ်ပါတယ်။အရာရာကိုပေးဆပ်ထားပြီး ပြည်သူတွေဘက်ကနေရပ်တည်ပေးတဲ့ မင်းမော်ကွန်းနဲ့ PDF ရဲဘော်တွေအကုန်လုံး ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit…..

ZAWGYI

စက္တင္ဘာလ (၇)ရက္ေန႔မွာ D Day လို႔ေၾကျငာၿပီး ေနာက္မွာေတာ့ ျပည္သူေတြနဲ႔ ရဲေဘာ္ေတြက စည္းစည္းလုံးလုံးနဲ႔ ရင္ဆိုင္သြားၾကမွာပဲျဖစ္ပါတယ္။ေတာထဲေရာက္ေနၾကတဲ့ အႏုပညာရွင္ တခ်ိဳ႕ကလည္း တတ္နိုင္တဲ့ဘက္ကေန ပါဝင္ေနၾကလို႔ ျပည္သူေတြက ရဲေဘာ္ေတြအကုန္လုံးေဘးကင္းပါေစလို႔ ဆုေတာင္းေပးေနၾကတာျဖစ္ပါတယ္။

ျပည္သူေတြခ်စ္တဲ့ မင္းေမာ္ကြန္းကလည္း အခုခ်ိန္မွာ အားသြန္ခြန္စိုက္ နဲ႔ က်ရာတာဝန္ကိုေက်ပြန္ေအာင္ ထမ္းရြက္ေနတာပဲျဖစ္ပါတယ္။မင္းေမာ္ကြန္းကို ရဲေဘာ္တခ်ိဳ႕ကလည္း ခ်စ္ခင္ေလးစားၾကၿပီး ညီအစ္ကို ေတြလိုမ်ိဳး ခင္မင္ရင္းႏွီးတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ မင္းေမာ္ကြန္းကလည္း သူ႔ထက္ငယ္တဲ့ ရဲေဘာ္ေတြကို ညီအရင္းလိုမ်ိဳး ဆုံးမသြန္သင္ ေပးတာျဖစ္ပါတယ္။မင္းသားတစ္ေယာက္ ျဖစ္ေပမယ့္ ေတာေတာင္ထဲမွာ အကုန္လုံး နဲ႔ လိုက္ေလ်ာညီေထြစြာ ေနထိုင္တတ္တာေၾကာင့္ ေရာက္ရာအရပ္မွာ လူခ်စ္လူခင္ေပါမ်ားတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ရဲေဘာ္တစ္ေယာက္က မင္းေမာ္ကြန္းရဲ့လုံျခဳံေရးတဲ့ပတ္သက္ၿပီး မစိုးရိမ္ၾကဖို႔ ေရးသားလာတာျဖစ္ပါတယ္။

ျပည္သူခ်စ္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းႀကီးက ရဲေဘာ္ေတြအကုန္လုံးကို အဓိကအထူးကာကြယ္ေစာင့္ေရွာက္ေပးေနသလို အစ္ကိုလိုခင္မင္ရတဲ့မင္းေမာ္ကြန္းကိုလည္း ထိုင္းျပန္ ေတာ္လွန္ေရးရဲေဘာ္ G.Z ေတြက ေရွ႕ကေန မားမားမတ္မတ္ ရင္ဆိုင္ေပးသြားမွာျဖစ္ပါတယ္။အရာရာကိုေပးဆပ္ထားၿပီး ျပည္သူေတြဘက္ကေနရပ္တည္ေပးတဲ့ မင္းေမာ္ကြန္းနဲ႔ PDF ရဲေဘာ္ေတြအကုန္လုံး ေဘးအႏၲရာယ္ကင္းၾကပါေစလို႔ ဆုေတာင္းရင္းျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Credit…..