အဆိုေတာ္ အစၥဏီ ကေတာ့ အသံ ေအးေအး ေလးနဲ႔ သီခ်င္းေတြ ကို ကိုယ္တိုင္ ဖန္တီး ေရးသား သီဆို သူ တစ္ဦးပဲ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ အနည္းငယ္က ပုဒ္မ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ စတဲ့ ပုဒ္မေတြနဲ႔ တရား ရင္ဆိုင္ေန ရတာပဲ ျဖစ္ၿပီး အက်ဥ္းေထာင္တြင္ ျပစ္ဒဏ္ က်ခံေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း သူ႔ရဲ့အမွား တစ္ခုေၾကာင့္ အခုလို ျပစ္ဒဏ္ ခံ ေနရတဲ့ အစၥဏီအား သနား က႐ုဏာ သက္ေနၾကတာပါ။
ဒီေန႔ မွာေတာ့ ပရိသတ္ေတြ အားလုံး ဝမ္းသာေစမယ့္ သတင္းတစ္ခုကို မၾကာေသးခင္ နာရီပိုင္းေလာက္က Guitarist နိုင္ေဇာ္ ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေရးသား ေဝ မၽွေပးထား တာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ အက်ဥ္းေထာင္ တြင္ ႏွစ္ႏွစ္ ေက်ာ္ ေနခဲ့ ရၿပီးေနာက္ ဒီေန႔မွာဘဲ ျပန္လည္ လြတ္ေျမာက္လာၿပီျဖစ္တဲ့ အစၥဏီ ရဲ့ သတင္းပဲ ျဖစ္ပါတယ္။ သူ႔ ရဲ့ ပို႔စ္ ေအာက္တြင္ လည္း အဆိုေတာ္တစ္ခ်ိဳ႕ နဲ႔ ပရိသတ္ေတြက အစၥဏီ လြတ္ေျမာက္လာတဲ့ အတြက္ ဝမ္းသာေၾကာင္းကို လည္း Comment မန႔္ထား ၾကတာကို ျမင္ေတြ႕ ၾကရမွာပါ။
နိုင္ေဇာ္ ကလည္း ” အစၥဏီ လြတ္ေျမာက္ ပါၿပီ။ အခုေလး တင္ သူ႔အေမ နဲ႔ သူကိုယ္တိုင္ ဖုန္းဆက္ ပါတယ္။ ဘဝကို အသစ္က ျပန္စပါ လို႔မွာ လိုက္ပါတယ္ ” ဆိုၿပီး ေရးသား ထားတာပဲ ျဖစ္ပါတယ္။ ေနာက္ထပ္ သီခ်င္း အသစ္ေတြ လည္း သီဆိုၿပီး ဂီတ ေလာကမွာ ေအာင္ျမင္ မႈေတြ မ်ားစြာနဲ႔ ျပန္လည္ ေလၽွာက္လွမ္းနိုင္ပါေစလို႔ ဆုေတာင္း ေပးလိုက္ ပါ တယ္ေနာ္။
Source and Photo Crd-Naing Zaw’s Facebook Account and MyanmarLoad TV’s Facebook Page
unicode
အဆိုတော် အစ္စဏီ ကတော့ အသံ အေးအေး လေးနဲ့ သီချင်းတွေ ကို ကိုယ်တိုင် ဖန်တီး ရေးသား သီဆို သူ တစ်ဦးပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်က ပုဒ်မ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ စတဲ့ ပုဒ်မတွေနဲ့ တရား ရင်ဆိုင်နေ ရတာပဲ ဖြစ်ပြီး အကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့အမှား တစ်ခုကြောင့် အခုလို ပြစ်ဒဏ် ခံ နေရတဲ့ အစ္စဏီအား သနား ကရုဏာ သက်နေကြတာပါ။
ဒီနေ့ မှာတော့ ပရိသတ်တွေ အားလုံး ဝမ်းသာစေမယ့် သတင်းတစ်ခုကို မကြာသေးခင် နာရီပိုင်းလောက်က Guitarist နိုင်ဇော် ရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ဝေ မျှပေးထား တာပဲ ဖြစ်ပါတယ်။ ဒါကတော့ အကျဉ်းထောင် တွင် နှစ်နှစ် ကျော် နေခဲ့ ရပြီးနောက် ဒီနေ့မှာဘဲ ပြန်လည် လွတ်မြောက်လာပြီဖြစ်တဲ့ အစ္စဏီ ရဲ့ သတင်းပဲ ဖြစ်ပါတယ်။ သူ့ ရဲ့ ပို့စ် အောက်တွင် လည်း အဆိုတော်တစ်ချို့ နဲ့ ပရိသတ်တွေက အစ္စဏီ လွတ်မြောက်လာတဲ့ အတွက် ဝမ်းသာကြောင်းကို လည်း Comment မန့်ထား ကြတာကို မြင်တွေ့ ကြရမှာပါ။
နိုင်ဇော် ကလည်း ” အစ္စဏီ လွတ်မြောက် ပါပြီ။ အခုလေး တင် သူ့အမေ နဲ့ သူကိုယ်တိုင် ဖုန်းဆက် ပါတယ်။ ဘဝကို အသစ်က ပြန်စပါ လို့မှာ လိုက်ပါတယ် ” ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပါတယ်။ နောက်ထပ် သီချင်း အသစ်တွေ လည်း သီဆိုပြီး ဂီတ လောကမှာ အောင်မြင် မှုတွေ များစွာနဲ့ ပြန်လည် လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်း ပေးလိုက် ပါ တယ်နော်။
Source and Photo Crd-Naing Zaw’s Facebook Account and MyanmarLoad TV’s Facebook Page