ဒါရိုက္တာ ကိုေပါက္ ကေတာ့ ျမန္မာနိုင္ငံ ရဲ့ လူထု လႈပ္ရွား မႈမွာ ျပည္သူေတြ နဲ႔ အတူ တက္ႂကြစြာ ပါဝင္ လႈပ္ရွားခဲ့ သူတစ္ဦး ျဖစ္ပါတယ္။ လက္ရွိ မွာေတာ့ အေျခအေန အရပ္ရပ္ ေၾကာင့္ တိမ္းေရွာင္ ေနရ ေပမယ့္လည္း သူ႔ရဲ့ လူမႈ ကြန္ယက္ စာမ်က္ႏွာ မွ တစ္ဆင့္ေတာ့ Speak out လုပ္ေပး ေနတာ လည္း ျဖစ္ပါတယ္။ မိသားစု နဲ႔ တကြဲတျပား ေနထိုင္ ေနရတာ ကို ျမင္ၿပီး ပရိသတ္ေတြ ကလည္း စိတ္မေကာင္း ျဖစ္ေနၾက တာပါ။ဒီေန႔ ကေတာ့ ကိုေပါက္ ရဲ့ ခ်စ္လွစြာေသာ ဇနီး ေမြးေန႔ရက္ ျမတ္ေလးပဲ ျဖစ္ပါတယ္။ ကိုေပါက္ ကေတာ့ ဇနီး ရဲ့ ေမြးေန႔ ကို အခက္အခဲ ေတြ မ်ားစြာၾကား ထဲက အမွတ္တရ ေမြးေန႔ ဆုေတာင္းစာေလး ေပးပို႔ လာခဲ့ တာပါ။ ဒါကေတာ့”အခက္အခဲ ေတြၾကားထဲ က ေမြးေန႔ ဆုေတာင္းေလး ပို႔ေပးတဲ့

အိုပါးေရ အရမ္း ခ်စ္တယ္ေနာ္”သည္း ေရ ဒီေန႔ က်ေရာက္တဲ့ ေမြးေန႔ မွာ မဂၤလာပါ လို႔ေတာင္ ႏႈတ္ဆက္ ခြင့္မရတဲ့ နိုင္ငံ အေရးထဲ တို႔ ေတြေဝးေနၾကတာတစ္လနဲ႔ရွစ္ရက္ ရွိသြားၿပီ။အမွတ္တရ ေႏြဦးပါပဲ သည္းေရ။တို႔ ရဲ့ ေဝးကြာ မႈက ​ ေႏြဦးမွာ အသက္ေပးသြား ၾကရတဲ့​ ေတာ္လွန္ေရးမိသားစု ေတြရဲ့ဘဝ နဲ႔ စာရင္ေတာ့ေသးေသးေလးပါ သည္းေရ။ရည္းစား ဘဝက ေန မႏွစ္က သည္းေမြးေန႔အထိ အနားမွာ အတူတူ ရွိခဲ့ေပမယ့္ ဒီႏွစ္ ေမြးေန႔မွာ အတူတူရွိ မေနနိုင္ခဲ့ဘူး။Sorry ပါ။က်န္းမာေရး ဂ႐ုစိုက္ၿပီသား၂ေယာက္အတြက္ အားတင္းေပးပါလို႔ ေတာင္းဆိုပါတယ္။(မေတာင္းဆိုလည္း ရွိေနၿပီး သားဆိုတာသိပါတယ္)အရင္ႏွစ္ကလို တျခားဆုေတြ အမ်ားႀကီး ေတာင္းေပးမယ့္ အစား”အေရးေတာ္ပုံ ေအာင္ပါေစ”ဆိုရင္ သည္းလိုခ်င္တဲ့ ဆု နဲ႔ ျပည့္မယ္ လို႔ ထင္ပါတယ္။

မိုးမကူးခင္ ျပန္ဆုံၾက မယ္ေနာ္။အားလုံးကို ခ်စ္တယ္။ သတိရတယ္။ လြမ္းတယ္ ။ သ ည္းရဲ့ အိုပါး အိုပါး စာေလးကို သားသား တို႔ကို ဖက္ၿပ လိုက္တယ္ေနာ္ ။သားငယ္ ေလးက ေမေမ တဲ့ သားသား ေဖေဖ ျပန္မလာတာ ၾကာၿပီေနာ္တဲ့💔💔💔💔💔အေရးေတာ္ပုံ ေအာင္ရမည္။ ” ဆိုၿပီး ေရးသား ထားတာပါ။ ကိုေပါက္ရဲ့ ဇနီးကလည္း ခင္ပြန္း ျဖစ္သူရဲ့ ေမြးေန႔ဆုေတာင္း စာကို ဖတ္ၿပီး ၾကည္ႏူး ေနတာပါ။ အေရးေတာ္ပုံႀကီး ေအာင္ျမင္ၿပီး ခြဲခြာ ေနရတဲ့ မိသားစုေတြ အျမန္ဆုံးျပန္ ဆုံနိုင္ၾကပါေစ လို႔ ဆုေတာင္းေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Htet Nini’s Facebook Account

UNICODE

ဒါရိုက်တာ ကိုပေါက် ကတော့ မြန်မာနိုင်ငံ ရဲ့ လူထု လှုပ်ရှား မှုမှာ ပြည်သူတွေ နဲ့ အတူ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ သူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အခြေအနေ အရပ်ရပ် ကြောင့် တိမ်းရှောင် နေရ ပေမယ့်လည်း သူ့ရဲ့ လူမှု ကွန်ယက် စာမျက်နှာ မှ တစ်ဆင့်တော့ Speak out လုပ်ပေး နေတာ လည်း ဖြစ်ပါတယ်။ မိသားစု နဲ့ တကွဲတပြား နေထိုင် နေရတာ ကို မြင်ပြီး ပရိသတ်တွေ ကလည်း စိတ်မကောင်း ဖြစ်နေကြ တာပါ။ဒီနေ့ ကတော့ ကိုပေါက် ရဲ့ ချစ်လှစွာသော ဇနီး မွေးနေ့ရက် မြတ်လေးပဲ ဖြစ်ပါတယ်။ ကိုပေါက် ကတော့ ဇနီး ရဲ့ မွေးနေ့ ကို အခက်အခဲ တွေ များစွာကြား ထဲက အမှတ်တရ မွေးနေ့ ဆုတောင်းစာလေး ပေးပို့ လာခဲ့ တာပါ။ ဒါကတော့”အခက်အခဲ တွေကြားထဲ က မွေးနေ့ ဆုတောင်းလေး ပို့ပေးတဲ့

အိုပါးရေ အရမ်း ချစ်တယ်နော်”သည်း ရေ ဒီနေ့ ကျရောက်တဲ့ မွေးနေ့ မှာ မင်္ဂလာပါ လို့တောင် နှုတ်ဆက် ခွင့်မရတဲ့ နိုင်ငံ အရေးထဲ တို့ တွေဝေးနေကြတာတစ်လနဲ့ရှစ်ရက် ရှိသွားပြီ။အမှတ်တရ နွေဦးပါပဲ သည်းရေ။တို့ ရဲ့ ဝေးကွာ မှုက ​ နွေဦးမှာ အသက်ပေးသွား ကြရတဲ့​ တော်လှန်ရေးမိသားစု တွေရဲ့ဘဝ နဲ့ စာရင်တော့သေးသေးလေးပါ သည်းရေ။ရည်းစား ဘဝက နေ မနှစ်က သည်းမွေးနေ့အထိ အနားမှာ အတူတူ ရှိခဲ့ပေမယ့် ဒီနှစ် မွေးနေ့မှာ အတူတူရှိ မနေနိုင်ခဲ့ဘူး။Sorry ပါ။ကျန်းမာရေး ဂရုစိုက်ပြီသား၂ယောက်အတွက် အားတင်းပေးပါလို့ တောင်းဆိုပါတယ်။(မတောင်းဆိုလည်း ရှိနေပြီး သားဆိုတာသိပါတယ်)အရင်နှစ်ကလို တခြားဆုတွေ အများကြီး တောင်းပေးမယ့် အစား”အရေးတော်ပုံ အောင်ပါစေ”ဆိုရင် သည်းလိုချင်တဲ့ ဆု နဲ့ ပြည့်မယ် လို့ ထင်ပါတယ်။

မိုးမကူးခင် ပြန်ဆုံကြ မယ်နော်။အားလုံးကို ချစ်တယ်။ သတိရတယ်။ လွမ်းတယ် ။ သ ည်းရဲ့ အိုပါး အိုပါး စာလေးကို သားသား တို့ကို ဖက်ပြ လိုက်တယ်နော် ။သားငယ် လေးက မေမေ တဲ့ သားသား ဖေဖေ ပြန်မလာတာ ကြာပြီနော်တဲ့💔💔💔💔💔အရေးတော်ပုံ အောင်ရမည်။ ” ဆိုပြီး ရေးသား ထားတာပါ။ ကိုပေါက်ရဲ့ ဇနီးကလည်း ခင်ပွန်း ဖြစ်သူရဲ့ မွေးနေ့ဆုတောင်း စာကို ဖတ်ပြီး ကြည်နူး နေတာပါ။ အရေးတော်ပုံကြီး အောင်မြင်ပြီး ခွဲခွာ နေရတဲ့ မိသားစုတွေ အမြန်ဆုံးပြန် ဆုံနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Htet Nini’s Facebook Account