လတ္တေလာျမန္မာနိုင္ငံ အတြင္းမွာ ျဖစ္ေပၚေနတဲ့ အေျခအေနအရပ္ရပ္ ေၾကာင့္ ျပည္သူလူထု အေနနဲ႔ တတ္နိုင္တဲ့ဘက္ကေနအစြမ္းကုန္ပါ၀င္လႈပ္ရွားေနၾကကာ ၿငိမ္းခ်မ္းစြာနဲ႔လုပ္ေဆာင္ေနၾကတာကို အားလုံးလည္းသိျမင္ ၾကမယ္ထင္ပါတယ္ေနာ္…..။ အခုလိုျဖစ္ေပၚလာတဲ့ အေျခအေနအတြင္းမွာ အႏုပညာရွင္ေတြအေနနဲ႔လည္း ျပည္သူထဲကျပည္သူေတြပဲျဖစ္တာမလို႔ တတ္နိုင္တဲ့ဘက္ ကေန ပရိသတ္ေတြနဲ႔ တစ္သားတည္းရပ္တည္ကာ လႈပ္ရွားမႈေတြျပဳလုပ္ေနၾကတာျဖစ္ပါတယ္။

ဒီေန႔မွာဆိုရင္လည္း လူထုလႈပ္ရွားမႈႀကီးဟာတစ္ျပည္လုံး အတိုင္းအတာအေနနဲ႔ ပါ၀င္လႈပ္ရွားေန ၾကတာျဖစ္ၿပီး ဦးခင္လွိုင္တစ္ေယာက္လည္းရဲရဲဝံ့ဝံ့လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈႀကီးဟာအခုဆိုရင္ ၂၈ရက္ ေျမာက္ေန႔ကိုေရာက္ရွိေနၿပီျဖစ္ၿပီး အခက္အခဲ ေတြမ်ားစြာရွိေနတာကိုလည္း ပရိသတ္ေတြသိျမင္ၾကမယ္ထင္ပါတယ္ေနာ္…..။

အခုလို အခက္အခဲအတားအဆီးေတြၾကားကေန ဦးခင္လွိုင္ဟာ အႏုပညာရွင္ ညီအစ္ကိုေမာင္ႏွမေတြနဲ႔ အတူ ဒီေန႔မွာဆိုရင္လည္း သမၼတ႐ုပ္ရွင္႐ုံေရွ႕မွာ လူထုလႈပ္ရွားမႈေတြကိုျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ ၿငိမ္းခ်မ္းစြာနဲ႔လႈပ္ရွားမႈျပဳ လုပ္ေနတဲ့ ပုံရိပ္ေတြကို ဦးခင္လွိုင္ဟာ သူ႔ရဲ့ Facebook စာမ်က္ႏွာမွာ “ဒီေန႔… သမၼတ႐ုပ္ရွင္႐ုံအေရွ႕….” ဆိုၿပီးေရးသားကာတင္ေပးထားခဲ့ပါတယ္။ ကဲ…..ပရိသတ္ေတြ အတြက္ ျပန္လည္ေဖာ္ ျပေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းျမစ္: Khin Hlaing’s Facebook acc

unicode

လတ်တလောမြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ် ကြောင့် ပြည်သူလူထု အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါဝင်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင် ကြမယ်ထင်ပါတယ်နော်…..။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက် ကနေ ပရိသတ်တွေနဲ့ တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်း လူထုလှုပ်ရှားမှုကြီးဟာတစ်ပြည်လုံး အတိုင်းအတာအနေနဲ့ ပါဝင်လှုပ်ရှားနေ ကြတာဖြစ်ပြီး ဦးခင်လှိုင်တစ်ယောက်လည်းရဲရဲဝံ့ဝံ့လုပ်ဆောင်နေတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာအခုဆိုရင် ၂၈ရက် မြောက်နေ့ကိုရောက်ရှိနေပြီဖြစ်ပြီး အခက်အခဲ တွေများစွာရှိနေတာကိုလည်း ပရိသတ်တွေသိမြင်ကြမယ်ထင်ပါတယ်နော်…..။

အခုလို အခက်အခဲအတားအဆီးတွေကြားကနေ ဦးခင်လှိုင်ဟာ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ အတူ ဒီနေ့မှာဆိုရင်လည်း သမ္မတရုပ်ရှင်ရုံရှေ့မှာ လူထုလှုပ်ရှားမှုတွေကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာနဲ့လှုပ်ရှားမှုပြု လုပ်နေတဲ့ ပုံရိပ်တွေကို ဦးခင်လှိုင်ဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ “ဒီနေ့… သမ္မတရုပ်ရှင်ရုံအရှေ့….” ဆိုပြီးရေးသားကာတင်ပေးထားခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည်ဖော် ပြပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Khin Hlaing’s Facebook acc