ပရိသတ်ကြီးရေ ခင်လှိုင် ကတော့ ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် ဝါရင့် ဟာသလူရွှင်တော်တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေ ရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင် ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့ မတ်လ (၁) ရက် နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် ဦးခင်လှိုင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ မင်္ဂလာနှစ်ပတ်လည် နေ့လေးအတွက်ကိုတော့ ခင်လှိုင် က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မင်္ဂလာဆုမွန်ကောင်းစကားဆိုလာခဲ့ပါတယ်။ “ကိုကိုချစ်တဲ့ ငယ်လေးနှစ်ပေါင်းသုံးဆယ် ကျော်လာခဲ့တဲ့ တိုင်အောင်အိမ်ရှင်မ ကောင်းတစ်ယောက်ပီသစွာ ကိုကို နှင့် ငယ်လေးနှစ်ယောက်တစ်ဘဝမှသားသမီးမြေးတွေတိုးပွါးလာသည်ထိအောင် မေတ္တာစစ်နှင့်ချစ်နိုင်လွန်းပြီးအနစ်နာခံအနွံတာခံသည်းခံနိုင်စွမ်းတွေနှင့်ဖြည့်စည်းနိုင်လွန်းတဲ့သူ။ ကိုကိုနှင့်သားသမီးချွေးမလေးတွေနှင့်မြေးလေးတွေ အလွန်ချစ်ရတဲ့ ငယ်လေး။

ကိုကိုနှင့်ငယ်လေး စတင်ဆုံဆည်းခဲ့သောအချိန် မှ အစပြုပြီးဒီနေ့ဒီအချိန်ထိ ဖြတ်သန်းခဲ့တဲ့ဘဝခရီးမှာ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ နေ့ရက်တွေပင်ပန်းဆင်းရဲခဲ့တဲ့အခိုက်အတန့်တွေကိုထာဝရ အတူမငြီးမငြူ လက်တွဲပြီးအပြုံးမပျက်ရင်ဆိုင် ကျော်ဖြတ်ပေးခဲ့လို့ ကျေးဇူးပါငယ်လေး..”ဆိုပြီး မင်္ဂလာဆုတောင်းစကားလေး ဆိုထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ခင်လှိုင်တို့ ဇနီးမောင်နှံအတွက် မင်္ဂလာနှစ်ပတ်လည်ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Source – Khin Hlaing
Chilli – CeleGabar

ZAWGYI

ပရိသတ္ႀကီးေရ ခင္လွိုင္ ကေတာ့ ႐ုပ္ရွင္ နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ ဝါရင့္ ဟာသလူရႊင္ေတာ္တစ္ေယာက္ ျဖစ္ၿပီး ပရိသတ္ေတြ ရဲ့ ခ်စ္ခင္မႈကို အျပည့္အဝ ရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္ ႀကီးတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီေန႔ မတ္လ (၁) ရက္ ေန႔ေလးကေတာ့ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ ဦးခင္လွိုင္တို႔ ဇနီးေမာင္ႏွံရဲ့ မဂၤလာႏွစ္ပတ္လည္ က်ေရာက္တဲ့ ေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္။

ဒီေန႔မွာ က်ေရာက္တဲ့ မဂၤလာႏွစ္ပတ္လည္ ေန႔ေလးအတြက္ကိုေတာ့ ခင္လွိုင္ က သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေန မဂၤလာဆုမြန္ေကာင္းစကားဆိုလာခဲ့ပါတယ္။ “ကိုကိုခ်စ္တဲ့ ငယ္ေလးႏွစ္ေပါင္းသုံးဆယ္ ေက်ာ္လာခဲ့တဲ့ တိုင္ေအာင္အိမ္ရွင္မ ေကာင္းတစ္ေယာက္ပီသစြာ ကိုကို ႏွင့္ ငယ္ေလးႏွစ္ေယာက္တစ္ဘဝမွသားသမီးေျမးေတြတိုးပြါးလာသည္ထိေအာင္ ေမတၱာစစ္ႏွင့္ခ်စ္နိုင္လြန္းၿပီးအနစ္နာခံအႏြံတာခံသည္းခံနိုင္စြမ္းေတြႏွင့္ျဖည့္စည္းနိုင္လြန္းတဲ့သူ။ ကိုကိုႏွင့္သားသမီးေခၽြးမေလးေတြႏွင့္ေျမးေလးေတြ အလြန္ခ်စ္ရတဲ့ ငယ္ေလး။

ကိုကိုႏွင့္ငယ္ေလး စတင္ဆုံဆည္းခဲ့ေသာအခ်ိန္ မွ အစျပဳၿပီးဒီေန႔ဒီအခ်ိန္ထိ ျဖတ္သန္းခဲ့တဲ့ဘဝခရီးမွာ ေပ်ာ္ရႊင္ၾကည္ႏူးခဲ့ရတဲ့ ေန႔ရက္ေတြပင္ပန္းဆင္းရဲခဲ့တဲ့အခိုက္အတန႔္ေတြကိုထာဝရ အတူမၿငီးမျငဴ လက္တြဲၿပီးအျပဳံးမပ်က္ရင္ဆိုင္ ေက်ာ္ျဖတ္ေပးခဲ့လို႔ ေက်းဇူးပါငယ္ေလး..”ဆိုၿပီး မဂၤလာဆုေတာင္းစကားေလး ဆိုထားခဲ့တာပဲျဖစ္ပါတယ္။ပရိသတ္ႀကီးေရ ခင္လွိုင္တို႔ ဇနီးေမာင္ႏွံအတြက္ မဂၤလာႏွစ္ပတ္လည္ဆုေတာင္းစကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္။

Source – Khin Hlaing
Chilli – CeleGabar