unicode
ပရိတ်သတ်ကြီးရေ..မင်းသမီးချောလေး ခိုင်နှင်းဝေဟာဆိုရင် လက်ရှိမှာ အနုပညာအလုပ် တွေကို ရပ်နားထားပြီး ပရဟိတ လုပ်ငန်းတွေကို အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ခိုင်နှင်းဝေ က ခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးခြေအနေတွေကြောင့် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို သူမတတ်နိုင်သလောက် လှူဒါန်းနေတာပဲဖြစ်ပါတယ်နော်.။
ဒီလိုခက်ခဲနေတဲ့ ကာလမှာတောင် ခိုကိုးရာမဲ့ နေတဲ့ ရင်သွေးငယ်လေးတွေကို ခေါ်ယူစောင့်ရှောက်ပေးပြီး သူတို့လေးတွေကိုအစစအရာရာ ဂရုစိုက်ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစားစွာနဲ့ တွေ့မြင်ရတာပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်လည်း ခိုင်နှင်းဝေက လမ်းဘေးမှာ အပေါ့အလေးသွားစရာနေရာမရှိ၊ ရေချိုးစရာနေရာမရှိ စတဲ့အခက်အခဲ တွေနဲ့ရင်ဆိုင်နေရရှာတဲ့ အမေကြီးအတွက် နေထိုင်ဖို့အိမ်လေးတစ်လုံးငှားပေးခဲ့တဲ့အပြင် လိုအပ်တဲ့အရင်းအနှီးငွေကိုလည်းလှူဒါန်း ပေးခဲ့တာပဲဖြစ်ပါတယ်နော်။
ခုလိုအရမ်းအခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ကူညီပေးခဲ့တဲ့သူမကို အမေကြီးကငိုပြီးဆုတွေေတောင်းပးလိုက်တဲ့ အကြောင်ခိုင်နှင်းဝေက အခုလိုပဲပရိတ်သတ်ကြီး ကိုပြောပြလာတာပဲဖြစ်ပါတယ်နော်..။“အမေကြီး အတွက် အိမ်ဌား စာချုပ်လေး ချုပ်ပေးပြီး လိုအပ်နေတဲ့ အရင်းအနှီးအား စီစဉ်လှူဒါန်းပေးဖြစ်ခဲ့ပါတယ်..အမေကြီးမှ အခက်အခဲဖြစ်နေချိန်တွေ မှာ ကျမကိုအိမ်မက် ၄ ခါမက်တဲ့ အကြောင်း ခုလိုလမ်းဘေးနေနေရတဲ့ ဒုက္ခကင်းဝေးရ၍ အရမ်းဝမ်းသာ ကြောင်းတွေ ငိုပြောပီး ဆုတွေအများကြီး ပေးလိုက်ပါတယ်..
ကျမနှင့်အတူကုသိုလ်ရေစက်ဆုံသည့် ခုနစ်ရက်သားသမီး အလှုရှင် များအားလုံးလဲ ထပ်တူသာဓုခေါ်နိုင်ကြပါစေရှင်..🙏🙏🙏” ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေမျှေဝေလာတာပဲဖြစ်ပါတယ်နော်..။ပရဟိတစိတ် အပြည့်ရှိတဲ့ ခိုင်နှင်းဝေကို ပရိတ်သတ် တွေကလည်းချီးကျူးစကားတွေ ပြောထားတာကိုလည်း တွေ့မြင်ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source ; Khine Hnin Wai Facebook Page
Credit ; Celebrity Platforms