အကယ်ဒမီ မင်းသားချော နေတိုး ကတော့ ပရိသတ်တွေ ရဲ့ အချစ်တွေ ကို အခိုင်အမာ ယူထားနိုင်သူပဲ ဖြစ်ပါတယ်နော်. နေတိုးက ကြော်ငြာ မှာရော ရုပ်ရှင်ဇာတ်လမ်း ကားတွေ မှာ လည်း သရုပ်ဆောင် ပိုင်နိုင် လွန်းတာ ကြောင့် လူကြီး ရော လူငယ်ပါ အသည်းစွဲ ချစ် နေ ရတဲ့ မင်းသား တစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသားချော နေတိုး ကတော့ အနေ အထိုင်သို သိပ်သူ ပီပီ ချစ်သူရှိနေ တာကို သိပေမဲ့ လက်ထပ်ဖို့ အတွက် ရည်ရွယ် ပြီလားဆိုတာ ကိုလည်း ပရိသတ်ကိုအသိမပေးဘဲ နေထိုင် သူလည်း ဖြစ်ပါတယ်။

အရာရာ ကို သိုသိပ်ပြီး နေတတ် သူ ပီပီ နိုင်ငံရေး နဲ့ ပက်သက်လာရင် လည်း တိတ်ဆိတ် လွန်းနေ တာကြောင့် ပရိသတ်တွေ ရဲ့ ဝေဖန်ခြင်းကို ခံနေ ရ သူလည်း ဖြစ်ပါတယ်။ မင်းသားချော နေတိုး က ဝေဖန်မှု တွေရှိခဲ့ ရင်လည်း ဖြေရှင်းချက် ပေးလေ့မရှိ ဘဲ သူလျောက်လှမ်း နေတဲ့ လမ်းကို သာဂရုစိုက်ပြီး နေထိုင်သူဖြစ်ပါတယ်။ အလှူအတန်းတွေ နဲ့ ပက်သက်ရင်လည်း လက်မနှေး တတ်တဲ့ မင်းသားချော နေတိုး က ဇွန်လ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလိုတော်ပြည့်ဘု န်းကြီးကျောင်းမှာ အရှင်ကုမာရဆီကို အလှူငွေများ လှူဒါန်းနေ ကြောင်းသိရပါတယ်၊

ဘုန်းဘုန်း အရှင်ကုမာရကလဲ ဒီနေ့မင်းသားနေတိုး ရဲ့ ကုသိုလ်တော် ကောင်းမူ အလိုတော်ပြည့် ပါစေ ဆိုပြီး တော့လဲ ဆုပေးထားပါသေးတယ်။ပြီးနောက် နေတိုးကပရိသတ်ကြီး လည်း သာဓု ခေါ်ပါနော် ဆိုပြီးလည်း ဖေ့ဘုတ်စာမျက်နှာ ထက်မှာ တင်လာ ခဲ့တာ ဖြစ်ပါတယ်။ နေတိုး ကို ချစ်တဲ့ ပရိသတ်ကြီး လည်း သာဓု ခေါ်ပေးကြ ပါအုံးနော်…

crd-Cele World

ZAWGYI




crd-Cele World