သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ပိုးအိအိခန္႔ ကေတာ့ နိုင္ငံေက်ာ္ ေဘာလုံးကစား သမား ေအာင္သူနဲ႔ အတူ ႏွစ္ေယာက္တစ္ဘဝကို ထူေထာင္ထားတာျဖစ္ၿပီး ပရိသတ္အားက်ရတဲ့ စုံတြဲေလးလည္း ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္က သားသားေလး သဲကိုးကိုလည္း ေမြးဖြားထား တာျဖစ္လို႔ သာယာ ေပ်ာ္ရႊင္စရာမိသားစုဘဝေလးပါေနာ္။ ပိုးအိအိခန္႔က သူမတို႔ မိသားစုလႈပ္ရွားမႈ ပုံေလးေတြကို ပရိသတ္ ေတြထံ ေဝမၽွေလ့ရွိတာျဖစ္ၿပီး မၾကာေသးတဲ့ အခ်ိန္ကလည္း ပိုစ့္တစ္ခုတင္ေပးလာခဲ့ပါတယ္။

ဒါကေတာ့ ဒီကေန႔ျဖစ္ေပၚေနတဲ့ နိုင္ငံေရးအေျခအေန ေတြအေပၚ သူမရဲ့ အျမင္ေလးကို လူမႈကြန္ယက္ ေဖ့ဘြတ္ အေကာင့္မွာ ေရးသားတင္ေပးလာတာပဲ ျဖစ္ပါတယ္။ ပိုးအိအိခန္႔က ” ကေလးေတြ ကိုယ္ဝန္ေဆာင္ေတြ ေက်ာင္းသားေလး ေတြ အျပစ္မရွိတဲ့ ျပည္သူေတြကို လက္နက္အားကိုးအၾကမ္းဖက္ၿပီး ေျဖရွင္းၿဖိဳခြင္းတာကိုလုံးဝလက္မခံနိုင္ပါဘူးရွင္ ရင္ထဲမွာ အရမ္း ထိခိုက္ စိတ္မေကာင္းျဖစ္ ရပါတယ္ ဒီထက္ပိုၿပီး ဘာမွ မျဖစ္ၾကပါ ေစနဲ႔ေတာ့ ေဘးရန္ကင္းၾကပါေစ ကိုယ္ေတာင္ ေသမွာ ေၾကာက္ရင္ သူတစ္ပါးကို ေသတဲ့အထိ လုပ္တဲ့လုပ္ရပ္က အရမ္းဆိုးရြ ားလြန္းပါတယ္ ” ဆိုၿပီး ေရးသားလာတာပဲ ျဖစ္ပါတယ္။

ပိုးအိအိခန္႔ေရးသားမၽွေဝထားတဲ့ အဆိုပါ စာသားေလး ေတြကို ပရိသတ္ေတြ သိရွိေစဖို႔အတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္ ။ လက္ရွိျဖစ္ေပၚေနတဲ့ ျပည္တြင္းေရးအေျခအေနေတြမွာ တတပ္တအားနဲ႔ ပါဝင္အားျဖည့္ကာ ျပည္သူေတြနဲ႔ အတူ တစ္သားတည္းရပ္တည္ေနတဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ပိုးအိအိခန္႔အတြက္ ခ်စ္ရတဲ့ ပရိသတ္ေတြက ေကာမန္႔ မွာ အားေပးစကားေလးေတြ ေရးသားေပးခဲ့ပါအုန္းေနာ္။

သတင္းအရင္းျမစ္: Source – Poe Ei Ei Khant’s FB account

unicode

သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့် ကတော့ နိုင်ငံကျော် ဘောလုံးကစား သမား အောင်သူနဲ့ အတူ နှစ်ယောက်တစ်ဘဝကို ထူထောင်ထားတာဖြစ်ပြီး ပရိသတ်အားကျရတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က သားသားလေး သဲကိုးကိုလည်း မွေးဖွားထား တာဖြစ်လို့ သာယာ ပျော်ရွှင်စရာမိသားစုဘဝလေးပါနော်။ ပိုးအိအိခန့်က သူမတို့ မိသားစုလှုပ်ရှားမှု ပုံလေးတွေကို ပရိသတ် တွေထံ ဝေမျှလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ အချိန်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။

ဒါကတော့ ဒီကနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ တွေအပေါ် သူမရဲ့ အမြင်လေးကို လူမှုကွန်ယက် ဖေ့ဘွတ် အကောင့်မှာ ရေးသားတင်ပေးလာတာပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က ” ကလေးတွေ ကိုယ်ဝန်ဆောင်တွေ ကျောင်းသားလေး တွေ အပြစ်မရှိတဲ့ ပြည်သူတွေကို လက်နက်အားကိုးအကြမ်းဖက်ပြီး ဖြေရှင်းဖြိုခွင်းတာကိုလုံးဝလက်မခံနိုင်ပါဘူးရှင် ရင်ထဲမှာ အရမ်း ထိခိုက် စိတ်မကောင်းဖြစ် ရပါတယ် ဒီထက်ပိုပြီး ဘာမှ မဖြစ်ကြပါ စေနဲ့တော့ ဘေးရန်ကင်းကြပါစေ ကိုယ်တောင် သေမှာ ကြောက်ရင် သူတစ်ပါးကို သေတဲ့အထိ လုပ်တဲ့လုပ်ရပ်က အရမ်းဆိုးရွ ားလွန်းပါတယ် ” ဆိုပြီး ရေးသားလာတာပဲ ဖြစ်ပါတယ်။

ပိုးအိအိခန့်ရေးသားမျှဝေထားတဲ့ အဆိုပါ စာသားလေး တွေကို ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေမှာ တတပ်တအားနဲ့ ပါဝင်အားဖြည့်ကာ ပြည်သူတွေနဲ့ အတူ တစ်သားတည်းရပ်တည်နေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်အတွက် ချစ်ရတဲ့ ပရိသတ်တွေက ကောမန့် မှာ အားပေးစကားလေးတွေ ရေးသားပေးခဲ့ပါအုန်းနော်။

သတင်းအရင်းမြစ်: Source – Poe Ei Ei Khant’s FB account