ပရိသတ်ကြီးရေ သဇင်ထူးမြင့် ဟာဆိုရင် အနုပညာ လောကမှာ အောင်မြင်မှု တွေကို အချိန်တို အတွင်း ရရှိ ပိုင်ဆိုင်ခဲ့ပြီး ငယ်ရွယ် နုပျိုတဲ့ ချစ်စရာ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်နော်။ဖခင် ရဲ့ အနုပညာ အမွေအနှစ် တွေကို ရရှိ ပိုင်ဆိုင်ထားပြီး ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှုကို လည်း များစွာ ရရှိ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ချစ်ရတဲ့ သူငယ်ချင်း ဖြစ်သူ ယွန်းယွန်း နဲ့ လည်း အနုပညာ လှုပ်ရှားမှု တွေ အတူတူ လုပ်ဆောင် ကြရင်း ချစ်ခင် ရင်းနှီးနေခဲ့တာပဲ ဖြစ်ပါတယ်။

ယခု လက်ရှိမှာ တော့ သဇင်ထူးမြင့် ဟာတော်လှန်ရေး ကာလတွေ မှာ ပါဝင် လှုပ်ရှားခဲ့ တာကြောင့် ခေတ္တ တိမ်းရှောင်နေ ရတာပဲဖြစ်ပါတယ်။သူငယ်ချင်းဖြစ်သူ ယွန်းယွန်း ကလည်း သူမအတွက် စိတ်မကောင်း ဖြစ်နေတာ ပါနော်။ချစ်ရတဲ့ သူငယ်ချင်း နှစ်ယောက် ဝေးနေ ကြပေမယ့် လိုအပ်တဲ့ အချိန်တိုင်း ကူညီပေးနေတာ ဖြစ်ပါတယ်။သဇင်ထူးမြင့်က သူမလို အပ်တဲ့အချိန်တိုင်း အနားမှာ အမြဲရှိနေပေးတဲ့ ယွန်းယွန်း အတွက် အမှတ်တရ စကားလေး တစ်ခွန်းကို သူမ ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားတင်ပြထားတာကို တွေ့ရပါတယ်။

သဇင်ထူးမြင့်က” အချိန်တိုင်း ကို ငါ့အတွက် ရှိနေပေးတယ် အရမ်းချစ်တယ် “ဆိုပြီး ရေးသား ထားပါ တယ်နော်။ ဘဝမှာ သူငယ်ချင်းကောင်း တွေ ရရှိပိုင်ဆိုင် ထားခြင်းဟာ အရမ်း ကို ကံကောင်း လွန်းပါတယ်။ သဲ နဲ့ ယွန်းယွန်းတို့ သူငယ်ချင်းနှစ်ယောက် အမြန်ဆုံး ပြန်လည် တွေ့ဆုံနိုင် ပါစေလို့ ဆုတောင်းပေး ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်။

Source:Thazin Htoo Myint

ZAWGYI



