unicode
ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေး တွေကြားမှာ ရေပန်းစားသူ သရုပ်ဆောင် နေရဲ ကိုတော့ အထူးအထွေ မိတ်ဆက် ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ နေရဲကတော့ ကျရာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်အပြင် အဆိုပိုင်းမှာလည်း တော်သူ တစ်ယောက်ဆိုလည်း မမှားပါဘူးနော်.။
ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ ချိုးရုပ် ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်း ကို သီဆိုအဖြစ်နဲ့ ပရိသတ် တွေလည်း သိကြမယ် ထင်ပါတယ်နော်.။ သီချင်းလေးက ငြိမ့်ငြိမ့်လေးနဲ့ ညီအစ်ကိုကြားက မေတ္တာလေးတွေကို ဖော်ပြထားတဲ့ သီချင်းလေးမို့ ကလေးငယ် တွေရဲ့ နားလေးထဲမှာ စွဲကာ ကြိုက်နှစ်သက်မှုတွေကို ရရှိနေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး.။ဒီကနေ့မှာတော့ နေရဲက သူ့ရဲ့ ချစ်စရာ တူမငယ်လေး ရွှေနှစ်ကပါ သူသီချင်းဆို သံလေးနဲ့ အိပ်ပျော်သွားတဲ့ ဗီဒီယိုဖိုင်လေးကို “အစက ကားပေါ်မှာ ဆော့နေပြီး မ်ငြိမ်မနေတဲ့ ရွှေနှစ်လေး……ဦးဦးကသီချင်းဆိုပြီး ငြိမ်ဆေးလဲကျွေးလိုက်ရော အိပ်ပါပျော်သွားတယ်😂😂 …..ချစ်လိုက်တာ….🥰🥰🥰🥰🥰” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
နေရဲရဲ့ အသံချိုချိုလေးနဲ့ ဆိုပြတဲ့ သီချင်းသံလေး အကြားမှာ ရွှေနှစ်လေးကတော့ အိပ်ပျော်နေတာ နှစ်နှစ်ခြိုက်ခြိုက် ပါပဲနော်..ပရိသတ်ကြီး.။ ဗီဒီယိုဖိ်ုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာ တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိ်ုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: Nay Ye’s Facebook
Credit : (Cele Active World)