ပရိတ်သတ် ကြီးရေ…ပြည်သူချစ် အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ ဦးဇင်ဝိုင်း ဟာ ဆိုရင် လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ပြည်သူ လူထုနဲ့အတူ တစ်သားတည်း ရပ်တည်ကာ လူထု လှုပ်ရှားမှု မှာ တက်တက် ကြွကြွ နဲ့ ပါဝင်ခဲ့တဲ့ သူတစ်ယောက် ပဲ ဖြစ်ပါတယ် နော်။လူထု လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဦးဇင်ဝိုင်း ကို ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် အရေးယူ ခဲ့ပြီး ဧပြီလ (၁၅) ရက်နေ့မှာ ဖမ်းဆီးခံ လိုက်ရတာပဲ ဖြစ်ပါတယ်။

ဦးဇင်ဝိုင်း အဖမ်းခံ လိုက်ရတဲ့ အတွက် ပရိတ်သတ် တွေက များစွာ စိတ်မကောင်း ဖြစ်ခဲ့ရပြီး အန္တရယ်ကင်းစွာ နဲ့ ပြန်လည် လွတ်မြောက်လာဖို့ အတွက်ဆုတောင်း ပေးနေ ကြတာပဲ ဖြစ်ပါတယ်နော်။ဦးဇင်ဝိုင်း ကို ချစ်တဲ့ ပရိတ်သတ်တွေ ရဲ့ ဆုတောင်း မေတ္တာ ပို့သမှုကြောင့် ဒီက နေ့ ဇွ န်လ (၇) ရက်နေ့မနက်ပိုင်းမှာ အင်းစိန်ထောင် မှ ပြန်လည် လွတ်မြောက်လာပြီ ပဲ ဖြစ်ပါတယ်နော်..။

ဖခင်ဖြစ်သူ လွတ်မြောက် လာတဲ့ အတွက် သားဖြစ်သူ မင်းမော်ကွန်း ကလည်း ” အဖလွေတ်လာပြီတဲ့ ” ဆိုတဲ့ စာလေးရေးပြီး ဝမ်းသာ အားရ ပြောပြ လာတာပဲဖြစ်ပါတယ်။ ဦးဇင်ဝိုင်း တစ်ယောက် ယခုလို အန္တရယ်ကင်းစွာ နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ အတွက် မိသားစု နဲ့ ထပ်တူ ဝမ်းသာပီတိ ဖြစ်ရပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ် တစ်ယောက်ချင်းစီ ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်…။

Source ; စွယ်စုံသတင်းစုံ
Credit ; Celebrity Platforms

ZAWGYI



