အဆိုတော် ရေမွန် ကတော့ လူကြီး၊ လူငယ် ၊လူလတ်ပိုင်း အားလုံး ကြိုက် နှစ်သက် အားပေးရတဲ့ အဆိုတော် တယောက်ပါ။ အောင်မြင်မှုတွေ ရှိနေတဲ့ အနုပညာရှင်တယောက်ဖြစ်ပေမဲ့ အောင်မြင်မှုကို ကြာရှည် မခံစားလိုက်ရဘဲ ပြီးခဲ့တဲ့ ဇွန်လ(၂၃)ရက်နေ့က ကွယ်လွန် သွားခဲ့တာဘဲ ဖြစ်ပါတယ်။အဆိုတော်ရေမွန်ကတော့ နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူ ဘက်ကရပ်တည်ခဲ့ပြီး အမှန်တရားကို မြတ်နိုးတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

အရွယ်မတိုင်ခင်ကြွေလွှင့်ခဲ့ပေမယ့် အားလုံးရဲ့ရင်ထဲမှာ ရေမွန်ကို အမှတ်ရ နေကြဆဲဖြစ်ပြီး ဒီနေ့အချိန်ထိတိုင် ရေမွန်ရဲ့ သီချင်းတွေကို နားထောင်နေကြဆဲလည်းဖြစ်ပါတယ်။ဒီကနေ့ ဇွန်လ(၂၃)ရက်နေ့ဟာဆိုရင် အဆိုတော် ရေမွန်ကွယ်လွန်သွားတာ တစ်နှစ်တိတိပြည့် တဲ့နေ့လေးပဲဖြသ်ပါတယ်နော်။

ဒီနေ့မှာတော့ အစ်ကိုဖြစ်သူ ရေမွန်ရဲ့ ပုံတူလေးကို အမှတ်တရ အနေနဲ့ ညီမဖြစ်သူလပြည့်ကဗျာက ခန္ဓာကိုယ် ပေါ်မှာ တတ်တူးထိုးခဲ့တာလည်းဖြစ်ပါတယ်။အစ်ကိုဖြစ်သူကွယ်လွန်သွားတာ တစ်နှစ်ပြည့်တဲ့ အမှတ်တရအနေနဲ့ထိုးခဲ့တဲ့ တက်တူးပုံလေးကို ပရိတ်သတ်တွေအတွက် တစ်ဆင့်ကူးယူ ဖော်ပြပေးလိုက်ပါတယ်နော်။သေသောသူကြာရင် မေ့ဆိုပမေယ့်လည်း ပရိတ်သတ်တွေ ကတော့ တစ်နေ့မှမေ့လို့မရသေးပါဘူး ကိုရေမွန်ရယ်…..။

Credit

zawgyi

အဆိုေတာ္ ေရမြန္ ကေတာ့ လူႀကီး၊ လူငယ္ ၊လူလတ္ပိုင္း အားလုံး ႀကိဳက္ ႏွစ္သက္ အားေပးရတဲ့ အဆိုေတာ္ တေယာက္ပါ။ ေအာင္ျမင္မႈေတြ ရွိေနတဲ့ အႏုပညာရွင္တေယာက္ျဖစ္ေပမဲ့ ေအာင္ျမင္မႈကို ၾကာရွည္ မခံစားလိုက္ရဘဲ ၿပီးခဲ့တဲ့ ဇြန္လ(၂၃)ရက္ေန႔က ကြယ္လြန္ သြားခဲ့တာဘဲ ျဖစ္ပါတယ္။အဆိုေတာ္ေရမြန္ကေတာ့ ေႏြဦးေတာ္လွန္ေရးႀကီးမွာ ျပည္သူ ဘက္ကရပ္တည္ခဲ့ၿပီး အမွန္တရားကို ျမတ္နိုးတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။

အရြယ္မတိုင္ခင္ေႂကြလႊင့္ခဲ့ေပမယ့္ အားလုံးရဲ့ရင္ထဲမွာ ေရမြန္ကို အမွတ္ရ ေနၾကဆဲျဖစ္ၿပီး ဒီေန႔အခ်ိန္ထိတိုင္ ေရမြန္ရဲ့ သီခ်င္းေတြကို နားေထာင္ေနၾကဆဲလည္းျဖစ္ပါတယ္။ဒီကေန႔ ဇြန္လ(၂၃)ရက္ေန႔ဟာဆိုရင္ အဆိုေတာ္ ေရမြန္ကြယ္လြန္သြားတာ တစ္ႏွစ္တိတိျပည့္ တဲ့ေန႔ေလးပဲျဖသ္ပါတယ္ေနာ္။

ဒီေန႔မွာေတာ့ အစ္ကိုျဖစ္သူ ေရမြန္ရဲ့ ပုံတူေလးကို အမွတ္တရ အေနနဲ႔ ညီမျဖစ္သူလျပည့္ကဗ်ာက ခႏၶာကိုယ္ ေပၚမွာ တတ္တူးထိုးခဲ့တာလည္းျဖစ္ပါတယ္။အစ္ကိုျဖစ္သူကြယ္လြန္သြားတာ တစ္ႏွစ္ျပည့္တဲ့ အမွတ္တရအေနနဲ႔ထိုးခဲ့တဲ့ တက္တူးပုံေလးကို ပရိတ္သတ္ေတြအတြက္ တစ္ဆင့္ကူးယူ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ေသေသာသူၾကာရင္ ေမ့ဆိုပေမယ့္လည္း ပရိတ္သတ္ေတြ ကေတာ့ တစ္ေန႔မွေမ့လို႔မရေသးပါဘူး ကိုေရမြန္ရယ္…..။

Credit