ပရိတ်သတ်ကြီးရေ….Miss Universe Myanmar အဖြစ်နဲ့ မြန်မာပြည်သူ တွေရဲ့အခက်အခဲတွေ ကိုရော ရိုးရာဓလေ့ကိုပါ Miss Universe စင်မြင့်ထက် မှာ ချပြနို င် ခဲ့တဲ့ သူဇာဝင့်လွင်ဟာ Top 21 List ထဲပါ ဝင်ခဲ့သလို Best National Costume ဆုလည်း အရယူ ပေးနိုင်ခဲ့ပါတယ်။ တကယ်ပြိုင်မယ့်ဝတ်စုံဟာ အချိန်မီရောက်မလာခဲ့ပေမယ့် ချင်းရိုးရာ ဝတ်စုံလေးကိုဆင်မြန်းပြီး ” Pray for Myanmar ” ဆိုင်း ဘု တ်ကို င်ကာ မြန်မာ့အ ရေးကို စင်မြင့်ထက်မှာ ရဲရဲဝံ့ဝံ့ချပြခဲ့သူတစ်ယောက်ပါ။ ပြိုင်ပွဲ မပြိုင်ခင်မှာလည်း ပွဲကို သွားနိုင်ဖို့ အခက်အခဲကြုံခဲ့ရ သလို ပြိုင် နေစဉ်မှာလ ည်း အဆင်မပြေမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် Candy ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေး ဖြစ်ပြီး မြန်မာပြည်အတွက်ဂုဏ်ယူ ရမယ့် အမျိုးသားဝတ်စုံဆုကို သိမ်းပိုက်ပေးနိုင်ခဲ့ပါတယ်။

ချစ်ရတဲ့ညီမလေးအတွက် စိတ်ပူရတဲ့အကြောင်းနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ” သွားပြိုင်ဖို့ တစ်ပတ်အလိုလောက်မှ Visa ရခဲ့တာပါ။ အစ ကမရတော့ဘူးလက် လျှော့ရတော့မလားတောင်ထင်ထား တာပါ။ မမျှော်လင့် ဘဲ ပြည်ပကမိတ်ဆွေတစ်ဦးရဲ့အ ကူအညီကြောင့် အချိန်မီရခဲ့တာပါ။ ဒီပွဲကိုသွားပြိုင်ဖို့ အတွက်မေတို့အရမ်းခက်ခဲခဲ့ပါတယ်။ ဒီကာလက အားလုံး အကျပ်အတည်းဖြစ်နေတဲ့ကာလပါ မေတို့ဆို လည်းအလုပ်တွေလုံးဝရပ်ထားရတာ လေးလပြည့်တော့ပါမယ်။

အနားကပ်မှ လေယာဉ် လက်မှတ်ဖြတ်ရတာဆိုတော့ အရမ်းဈေးများပါတယ်။ မသွားခင်ပြင်ဆင်ရတဲ့စရိတ်၊ ဟိုမှာသုံးဖို့စွဲဖို့ စရိတ်တွေနဲ့ဆိုရင် တော်တော်ကိုအကုန်အကျများပါတယ်။ ပုံမှန်အချိန်ဆိုရင်တော့ အဆင်ပြေပေမယ့် အခုလိုဘာမှန်းမသိတဲ့ အခြေအနေ ကြေ ာင့်မေတို့လည်းအတော်ခက်ခဲခဲ့ပါတယ်။ ပိုဆိုးတာကမေလည်း အခုဆိုရှောင်ပုန်းပြီးနေရတဲ့အချိန်‌ဆိုတော့ပိုခက်ခဲပါ တယ်။ သူလည် းဒီကထွက်သွားပြီဆိုတာနဲ့ ပြန်လာဖို့အဆင်မပြေနိုင်တာကို ကြိုတွက်ဆထားပြီးသားပါ။

ပွဲပြီးနောက်ပိုင်းအခြေအနေကို မေပိုပြီးစိတ်ပူပါတယ်။ US ရောက်နေတဲ့ ရွှေမြန်မာတွေကို မေ အကူအညီလေးတစ်ခုလေ ာ က် တောင်းချင်ပါတယ်။ မေ့ညီမလေး ပြိုင်ပွဲပြီးသွားလို့ ပြန်လာဖို့အဆင်မပြေသေးတဲ့အချိန်မှာ သူတစ်စုံတစ်ခု အခက်အခဲဖြစ်လာ ရင် သူ့ ကို ကူညီစောင့်ရှောက်ပေးကြပါနော်။ စိတ်မပူဘူး‌လို့နေပေမယ့်လည်း စိတ်တော့ပူပါတယ်။ အားလုံးရဲ့ကျေးဇူးတွေကိုမမေ့ပ ါဘူး ” ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

အရည်အချင်းရှိပြီး တော်လွန်းထက်လွန်း တဲ့ညီမလေးအတွက်ဂုဏ်ယူရသလို ကြုံတွေ့လာတဲ့ အခက်အခဲတွေကိုလည်း ရဲရဲကြီးရင်ဆိုင်နိုင်ဖို့အတွက် ” ဘဝဆိုတာဒီလိုပါပဲ အခက်အခဲတွေက တစ်ခုမဟုတ် တစ်ခုကြုံနေရမှာပဲ ဘယ်လောက်ပဲ အခက်အခဲတွေ တွေ့ကြုံနေ ပါစေ အနည်းဆုံးတော့ မင်းဟာလွတ်မြောက်နေသေးတယ် လွတ်လွတ်လပ်လပ်နဲ့ ဘဝကိုရှင်သန်ဖို့ အခွင့်အရေးတွေ လည်း ရှိနေ သေးတယ် ကြုံလာတဲ့ အခက်အခဲတိုင်းကို အခွင့်အရေးအဖြစ် အသုံးချပြီး မြင့်သထက်အမြင့်ဆုံးကို သာပျံသန်းနိုင်ပါစေ ❤️ ” ဆိုပြီး အမကြီးအ မိရာပီသစွာနဲ့ စိတ်ခွန် အားပေးခဲ့ပါတယ်။ မြန်မာပြည်အတွက် အမှတ်တရ ဖြစ်စေမယ့် NC ဆုကို အရယူပေးခဲ့ လို့ ကျေးဇူးတင် ပါတယ် Candy လေးရေ။

Source: May’s FB Acc

Credit

ZAW GYI

ပရိတ္သတ္ႀကီးေရ….Miss Universe Myanmar အျဖစ္နဲ႔ ျမန္မာျပည္သူ ေတြရဲ့အခက္အခဲေတြ ကိုေရာ ရိုးရာဓေလ့ကိုပါ Miss Universe စင္ျမင့္ထက္ မွာ ခ်ျပနို င္ ခဲ့တဲ့ သူဇာဝင့္လြင္ဟာ Top 21 List ထဲပါ ဝင္ခဲ့သလို Best National Costume ဆုလည္း အရယူ ေပးနိုင္ခဲ့ပါတယ္။ တကယ္ၿပိဳင္မယ့္ဝတ္စုံဟာ အခ်ိန္မီေရာက္မလာခဲ့ေပမယ့္ ခ်င္းရိုးရာ ဝတ္စုံေလးကိုဆင္ျမန္းၿပီး ” Pray for Myanmar ” ဆိုင္း ဘု တ္ကို င္ကာ ျမန္မာ့အ ေရးကို စင္ျမင့္ထက္မွာ ရဲရဲဝံ့ဝံ့ခ်ျပခဲ့သူတစ္ေယာက္ပါ။ ၿပိဳင္ပြဲ မၿပိဳင္ခင္မွာလည္း ပြဲကို သြားနိုင္ဖို႔ အခက္အခဲၾကဳံခဲ့ရ သလို ၿပိဳင္ ေနစဥ္မွာလ ည္း အဆင္မေျပမႈမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ Candy ဟာ စိတ္ဓာတ္ႀကံ့ခိုင္တဲ့ မိန္းကေလး ျဖစ္ၿပီး ျမန္မာျပည္အတြက္ဂုဏ္ယူ ရမယ့္ အမ်ိဳးသားဝတ္စုံဆုကို သိမ္းပိုက္ေပးနိုင္ခဲ့ပါတယ္။

ခ်စ္ရတဲ့ညီမေလးအတြက္ စိတ္ပူရတဲ့အေၾကာင္းနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြကို ” သြားၿပိဳင္ဖို႔ တစ္ပတ္အလိုေလာက္မွ Visa ရခဲ့တာပါ။ အစ ကမရေတာ့ဘူးလက္ ေလၽွာ့ရေတာ့မလားေတာင္ထင္ထား တာပါ။ မေမၽွာ္လင့္ ဘဲ ျပည္ပကမိတ္ေဆြတစ္ဦးရဲ့အ ကူအညီေၾကာင့္ အခ်ိန္မီရခဲ့တာပါ။ ဒီပြဲကိုသြားၿပိဳင္ဖို႔ အတြက္ေမတို႔အရမ္းခက္ခဲခဲ့ပါတယ္။ ဒီကာလက အားလုံး အက်ပ္အတည္းျဖစ္ေနတဲ့ကာလပါ ေမတို႔ဆို လည္းအလုပ္ေတြလုံးဝရပ္ထားရတာ ေလးလျပည့္ေတာ့ပါမယ္။

အနားကပ္မွ ေလယာဥ္ လက္မွတ္ျဖတ္ရတာဆိုေတာ့ အရမ္းေဈးမ်ားပါတယ္။ မသြားခင္ျပင္ဆင္ရတဲ့စရိတ္၊ ဟိုမွာသုံးဖို႔စြဲဖို႔ စရိတ္ေတြနဲ႔ဆိုရင္ ေတာ္ေတာ္ကိုအကုန္အက်မ်ားပါတယ္။ ပုံမွန္အခ်ိန္ဆိုရင္ေတာ့ အဆင္ေျပေပမယ့္ အခုလိုဘာမွန္းမသိတဲ့ အေျခအေန ေၾက ာင့္ေမတို႔လည္းအေတာ္ခက္ခဲခဲ့ပါတယ္။ ပိုဆိုးတာကေမလည္း အခုဆိုေရွာင္ပုန္းၿပီးေနရတဲ့အခ်ိန္‌ဆိုေတာ့ပိုခက္ခဲပါ တယ္။ သူလည္ းဒီကထြက္သြားၿပီဆိုတာနဲ႔ ျပန္လာဖို႔အဆင္မေျပနိုင္တာကို ႀကိဳတြက္ဆထားၿပီးသားပါ။

ပြဲၿပီးေနာက္ပိုင္းအေျခအေနကို ေမပိုၿပီးစိတ္ပူပါတယ္။ US ေရာက္ေနတဲ့ ေရႊျမန္မာေတြကို ေမ အကူအညီေလးတစ္ခုေလ ာ က္ ေတာင္းခ်င္ပါတယ္။ ေမ့ညီမေလး ၿပိဳင္ပြဲၿပီးသြားလို႔ ျပန္လာဖို႔အဆင္မေျပေသးတဲ့အခ်ိန္မွာ သူတစ္စုံတစ္ခု အခက္အခဲျဖစ္လာ ရင္ သူ႔ ကို ကူညီေစာင့္ေရွာက္ေပးၾကပါေနာ္။ စိတ္မပူဘူး‌လို႔ေနေပမယ့္လည္း စိတ္ေတာ့ပူပါတယ္။ အားလုံးရဲ့ေက်းဇူးေတြကိုမေမ့ပ ါဘူး ” ဆိုၿပီး ရင္ဖြင့္ေျပာျပလာခဲ့ပါတယ္။

အရည္အခ်င္းရွိၿပီး ေတာ္လြန္းထက္လြန္း တဲ့ညီမေလးအတြက္ဂုဏ္ယူရသလို ၾကဳံေတြ႕လာတဲ့ အခက္အခဲေတြကိုလည္း ရဲရဲႀကီးရင္ဆိုင္နိုင္ဖို႔အတြက္ ” ဘဝဆိုတာဒီလိုပါပဲ အခက္အခဲေတြက တစ္ခုမဟုတ္ တစ္ခုၾကဳံေနရမွာပဲ ဘယ္ေလာက္ပဲ အခက္အခဲေတြ ေတြ႕ၾကဳံေန ပါေစ အနည္းဆုံးေတာ့ မင္းဟာလြတ္ေျမာက္ေနေသးတယ္ လြတ္လြတ္လပ္လပ္နဲ႔ ဘဝကိုရွင္သန္ဖို႔ အခြင့္အေရးေတြ လည္း ရွိေန ေသးတယ္ ၾကဳံလာတဲ့ အခက္အခဲတိုင္းကို အခြင့္အေရးအျဖစ္ အသုံးခ်ၿပီး ျမင့္သထက္အျမင့္ဆုံးကို သာပ်ံသန္းနိုင္ပါေစ ❤️ ” ဆိုၿပီး အမႀကီးအ မိရာပီသစြာနဲ႔ စိတ္ခြန္ အားေပးခဲ့ပါတယ္။ ျမန္မာျပည္အတြက္ အမွတ္တရ ျဖစ္ေစမယ့္ NC ဆုကို အရယူေပးခဲ့ လို႔ ေက်းဇူးတင္ ပါတယ္ Candy ေလးေရ။

Source: May’s FB Acc

Credit