



UNICODE

မိတ်ကပ်ပညာရှင် လင်းလင်း ကတော့ ဆယ်စုနှစ် ကျော်ကြာအောင် သူမရဲ့ အလုပ်အပေါ်မှာ စေတနာ အပြည့်နဲ့ လုပ်ကိုင်ခဲ့သူ လေး ဖြစ်ပါတယ် ။ လင်းလင်းက ကျွမ်းကျင်ပြီး ဝါရင့် တဲ့ အလှဖန်တီးရှင် တစ်ယောက်ပီပီ သင်တန်းတွေ လည်း ဖွင့်လှစ် သင်ကြားပေး နေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် လင်းလင်း က သရုပ်ဆောင် အလုပ်ကို ဝါသနာ ပါတာကြောင့် ရုပ်ရှင် ဇာတ်ကားကြီးတွေ မှာ ပါဝင်ရိုက်ကူးပြီး ပရိသတ်တွေ ရဲ့ အားပေးမှု ကို ပိုမို ရ ရှိခဲ့တာ ဖြစ်ပါတယ် ။

အခုဆိုရင် လင်းလင်း က ကြော်ငြာတွေ လည်း တစ်ခုပြီး တစ်ခု ရိုက်ကူး နေရသလို တဖြည်းဖြည်း နဲ့ အရမ်းကို အောင်မြင်နေတာ လည်း ဖြစ်ပါတယ် ။ အလှဖန်တီးရှင် အလုပ်အပြင် စီးပွားရေးမှာ လည်း အာရုံစိုက် လုပ်ကိုင်နေတဲ့ လင်းလင်း က Live Sale တွေလည်း မနားတမ်း ရောင်းချပြီး အလုပ်တွေကို ကြိုးစားနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း လင်းလင်း က ဒီနေ့မှာပဲ အသစ်စက်စက် အိမ်တစ်လုံးကို ချက်ချင်း လက်ငင်း ငွေချေကာ ဝယ်ယူလိုက် နိုင်ပြီပဲ ဖြစ်ပါတယ် ။

လင်းလင်း က ကျယ်ဝန်းတဲ့ ခြံကြီးနဲ့ ကြီးကျယ် ခမ်းနားတဲ့ နှစ်ထပ်တိုက် အိမ်အသစ်လေး ကို ပိုင်ဆိုင်လိုက် ရတာပဲ ဖြစ်ပါတယ် ။ လင်းလင်းရဲ့ အိမ်လေးကတော့ အချက်အချာ ကျတဲ့ နေရာကောင်းလေး မှာ တည်ရှိပြီး တကယ့်ကို အဆင့်အတန်းမြင့်မြင့် နဲ့ နေချင်စရာကောင်း နေတာ ဖြစ်ပါတယ် ။ လင်းလင်းက သူမရဲ့အိမ်လေး ကို ပရိသတ်တွေလည်း မြင်ဖူးအောင်လို့ ဗီဒီယိုလေး ရိုက်ကာ လိုက်ပြခဲ့ တာလည်း ဖြစ်ပါတယ် ။ ကဲ အမိုက်စား အိမ်လေး တစ်လုံး ပိုင်ဆိုင်ရရှိသွားပြီဖြစ်တဲ့ လင်းလင်း ရဲ့ ဗီဒီယိုလေးကို ပြန်လည် မျှဝေပေးလိုက် ပါတယ်နော် ။

Source & Video Credit-Lin Linn’s FB Page