


Source-Melody Myo

unicode

ပရိသတ် အချစ်တော် မယ်လိုဒီ ကတော့ သူမ ရဲ့ခံစားချက် စာစုလေး တွေကို လူမှု ကွန်ရက်စာမျက်နှာထက်မှာ ရေးသား ဖော်ပြလေ့ရှိတဲ့ သူတစ်ယောက်ပါ ။ လတ်တလော မှာတော့ ကျွန်မကသည်းခြေမရှိတဲ့ သူပါလို့ ဆိုလာပါတယ် ။ သည်းခြေမရှိတော့ ရှင်တို့ အတွက်မခါးသလို ကျွန်မ စိတ်မနာတတ် လို့လည်း သံသရာက ရုန်းထွက်နိုင် မှာပါလို့ရေးသားဖော်ပြလာခဲ့ပါတယ်။

အဆိပ်အတောက်မရှိဘဲ ပွင့်လင်းတာဟာ ရှက်စရာ ကောင်းမှန်း ရှင်တို့ပြောမှ သိရတော့တယ် ဒါပေမယ့် မချိုပြန်ဘူး ရှင်တို့ ရင်မကြပ်ဘူးပေါ့ အချဉ်လည်းမဟုတ်ပါဘူး ရှင်တို့ ကျွန်မကြောင့် ဘီလူး ပြုံးမပြုံးရတော့ဘူး ကျွန်မကိုယ် ကျွန်မတော့ ပုံမှန်လို့ တသက်လုံးထင်နေခဲ့တာ ရှင်တို့ ပြောမှဘဲ ကျွန်မဟာ ပုံမှန်ဖုံးဖိထားသင့်တဲ့ ကိစ္စ တွေကိုထုတ်ဖော်ပြောပြ တတ်တဲ့အမျိုးသမီး တစ်ယောက်မှန်း ခုမှသိတယ် လို့ သူမရဲ့ခံစားချက်အချို့ကို ဖေ့ဘုတ်စ်စာမျက်နှာထက်မှာရေးသားလာခဲ့တာပါ ။

သူမ ကပုံမှန် မဟုတ်ပေမယ့် လူတော့ ပီသတဲ့အကြောင်းနဲ့ စကားမစပ် ကျွန်မကြောင့် အဆိပ်သင့်သွားရင် စိတ်မကောင်းပါဘူး။ ကျွန်မက ရေလို မိန်းမသား ရေသောက်ရင်း အဆိပ်သင့် သွားတာတော့ ကျွန်မလည်း ဖြေဆေး မပေးတတ်ဘူးရှင် လို့ ခပ်ထေ့ထေ့လေး ရေးသားတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ် ။