ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ကာ တတ်နိုင်တဲ့ အခန်း ကဏ္ဍကနေ ပါဝင်လှုပ်ရှားခဲ့ သူကတော့ မော်ဒယ်သရုပ်ဆောင် ထားထက်ထက်ပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေ မှာလည်း တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ရုံသာမကဘဲ လှူတန်းမှုတွေလည်း ပါဝင်အားဖြည့် လုပ်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ အခြေအနေ အရပ်ရပ်ကြောင့် တိမ်းရှောင်ရင်း လွတ်မြောက် နယ်မြေသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်တွင် တော်လှန်ရေးနယ်မြေကို ရောက်ရှိ နေကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ရောက်ရာ အရပ်ကနေ တိုက်ပွဲဝင်ဖို့အတွက် ကြိုးစားနေတဲ့ ထားထက်ထက် ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာ ကောင်းလွန်းလှပါတယ်။

မကြာသေးခင် နာရီပိုင်း လောက်ကလည်း ထားထက်ထက်ရဲ့ Facebook အကောင့်တွင် အဆုံးသတ်တိုက် ပွဲအတွက် လေ့ကျင့်ပြင်ဆင် နေကြသူများအား တန်ဖိုးရှိလှတဲ့ စကားလေးတွေပြောကြားလာတာ ဖြစ်ပါတယ်။ဒါ့အပြင် စစ်သင် တန်းလေ့ကျင့်နေတဲ့ စခန်းတိုင်းကို လည်းလိုအပ်တဲ့ စားနပ်ရိက္ခာများ လှူဒါန်းပေးကြဖို့ ရေးသားတိုက်တွန်းထားပါသေးတယ်။သူမကလည်း ” ဒီစခန်းမှာ ကျွန်မရှိ တယ်ဆိုပြီးပြောလို့ တော်လှန်ရေးထဲ ပါဝင်ဖို့လာတဲ့ သူတွေကိုလေးစားကြိုဆိုပါတယ်။နောက်ပြီး ဒီစခန်းမှာ ကျွန်မရှိနေတယ်ဆိုလို့ လှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံးကိုလည်း တကယ်လေးစားကျေးဇူးတင်ပါတယ်။အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေကြသူတွေကို ကျွန်မ အလွန်လေးစား ကျေးဇူးတင်သလို အောင်ပွဲရတဲ့ အထိ တော်လှန်ရေးထဲ ပါဝင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ် ။စေတနာနဲ့ ပေးလှူတဲ့ အလှူရှင်တွေကိုလည်း အရင်အတိုင်းဆက်လက် ထောက်ပံ့ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

ဘာလို့လဲဆိုတော့ စစ်သင်ခန်းစာ လေ့ကျင့်နေတဲ့ စခန်း တိုင်းက အရာရာလိုအပ်နေကြလို့ပဲ ဖြစ်ပါတယ်။ အလှူရှင်၊စေတနာရှင် တို့ရဲ့ အလှူတွေ က လေ့ကျင့်ကြိုးစားနေသူတွေအတွက် တကယ်လိုအပ်တဲ့ အဟာရ နဲ့ စိတ်ခွန်အားကိုရရှိစေတဲ့အတွက်အကျိုးရှိစေလို့ပဲ ဖြစ်ပါတယ်။ထားထက် ကို စခန်းတိုင်းမှ ာရှိနေတယ်လို့ သဘောထားစေချင်ပါတယ်။ (တော်လှန်ရေးကို အကြောင်းပြပြီး လူသစ် စုဆောင်းခြင်းမှ အမြတ်ထုတ်မှု နဲ့ အလှူငွေ၊ အလှူပစ္စည်းအပေါ်အခြားသော ပုဂ္ဂိုလ်ရေး အသုံးချမှုများရှိခဲ့လျှင်တော့ သေချာစီစစ်ပြီး တော်လှန်ရေးသန့်စင်မှု လုပ်ဖို့ အကြံပြုပါရစေ)” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။အနုပညာရှင် များဖြစ်ပေမယ့်လည်း အရေးကြုံတဲ့အခါ တိုက်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေကြတာကို မြင်တွေ့ရသည်မှာ အားရစရာကောင်းလှပါတယ်။ အရေးတော်ပုံအောင်မြင်ပြီးတဲ့အခါ ပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်တိုင်းကို အရင်ထက်ပိုပြီး အားပေးချစ်ခင်ကြဖို့ တိုက်တွန်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

crd : MM Load

ZAW GYI




crd : MM Load