UNICODE
ပရိသတ်ကြီး ရေ ဒီတစ်ခါမှာ တော့ ကိုရီးယား မင်းသားလေး တစ်ဦး လို တည်ကြည် ခန့်ငြား ချောမော နေတဲ့ သူလေး ကတော့ မော်ဒယ် သရုပ်ဆောင် မင်းသား အောင်လေးပဲ ဖြစ်ပါတယ်။သူကတော့ အနုပညာ လောက မှာ ဆယ်ကျော်သက် အရွယ် ပျိုမေ လေးတွေကြားမှာ သည်းသည်း လှုပ် ရေပန်းစား နေတဲ့ အနုပညာ ရှင်တစ်ဦးပဲ ဖြစ်ပါတယ်။အောင်လေးဟာ အနုပညာ လှုပ်ရှားမှု အနေနဲ့ ( Photo Shooting ) တွေအပြင် ရုပ်ရှင် ဇာတ်ကားကြီးတွေ မှာတောင် ပါဝင် သရုပ်ဆောင် နေပြီပဲ ဖြစ်ပါတယ်။
Photo Credit -Nyi Minn Zan
အောင်လေး ကတော့ စိတ်ထား ပြည့်ဝသလို တိရစ္ဆာန် လေးတွေလည်း ချစ်တတ်တာ ကို တွေ့ရပါတယ်။သူဟာ အနုပညာ အလုပ်တွေ ကို ဆက်လက် လုပ်ကိုင်နေပြီး ဖြည်းဖြည်း မှန်မှန် ကြိုးစားနေ သူလေး ဖြစ်ပါတယ်။အောင်လေး က ဖြူဖွေးဥ နေတဲ့ အသားအရည် နဲ့ ယောကျာ်း ပီသတဲ့ မျက်နှာရှိပြီး ခန္ဓာကိုယ် အချိုးအစား ကလည်း ကျစ်လျစ် တောင့်တင်း နေတာကြောင့် နှုတ်ခမ်း နီမလေးတွေ အကြိုက် မင်းသားတစ်ဦး ဖြစ်လို့နေပါတယ်။
Photo Credit -Nyi Minn Zan
အောင်လေး ကတော့ အနုပညာ လှုပ်ရှားမှု ပုံရိပ်တွေကို သူရဲ့ Facebook စာမျက်နှာပေါ်တွင် ဖော်ပြလေ့ ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ အောင်လေးရဲ့ လူမူ ကွန်ယက် စာမျက်နှာ ပေါ်တွင် အမိုက်စား ပို့စ်တွေပေးရင်း အထာကျကျ လန်းနေတဲ့ ပုံရိပ်တွေ ကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ပုံလေးဟာ ခဏလေးအတွင်း မှာပဲ ကြည့်ရှု သူများပြားခဲ့တာလည်း ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီး အတွက် အောင်လေးရဲ့ ဖက်ရှင်ပုံလေး တွေကို ကြည့်ရှု အားပေးနိုင်စေရန် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။
Photo Credit -Nyi Minn Zan
Photo Credit -Nyi Minn Zan
သတင်းအရင်းမြစ်: Aung Lay FB Account