စိုင္းစိုင္းကေတာ့ ျမန္မာနိုင္ငံရဲ့ လူႀကိဳက္အမ်ားဆုံး အဆိုေတာ္တစ္ဦးလို႔ ေျပာရ ေလာက္ေအာင္ နာမည္ႀကီးေအာင္ျမင္သူ တစ္ေယာက္ ျဖစ္ပါတယ္။ စိုင္းစိုင္းက Hip Hop ,Pop , Rap ဂီတအမ်ိဳးအစားေတြကို ကိုယ္ပိုင္သံစဥ္ေတြဖန္တီးကာ စိတ္တိုင္းက်ေရးစပ္သီဆိုေလ့ရွိသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ကဗ်ာဆန္ဆန္ စာသားေလးေတြနဲ႔ မိန္းကေလး ပရိသတ္ေတြ အႀကိဳက္ေတြ႕ေအာင္ ဖန္တီးေရးသားေလ့ရွိသလို ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဘက္ဘက္က အျပစ္ေျပာစရာမရွိေအာင္ စိုင္းက ထူးခၽြန္ထက္ျမက္တာေၾကာင့္လည္း ယေန႔တိုင္ နာမည္ကိုထိန္းထားနိုင္တဲ့သူ ျဖစ္ပါတယ္။

ေခတ္မွီႏုပ်ိဳၿပီး စမတ္က်က်ေနတတ္တာကလည္း စိုင္းရဲ့ဆြဲေဆာင္မႈ ရွိတဲ့အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ မမအရြယ္ေတြ ကစလို႔ ဆယ္ေက်ာ္သက္အရြယ္ ႏႈတ္ခမ္းနီမေလးေတြေတာ္ေတာ္မ်ားမ်ားရဲ့အားေပးမႈရရွိထားတဲ့ သူလည္းျဖစ္ပါတယ္။ လတ္တေလ ာမွာေတာ့ အထာက်က်ဖက္ရွင္ ေလးေတြမ်ိဳးစုံနဲ႔ သန႔္ျပန႔္ခန႔္ညားလြန္းတဲ့ အမိုက္စား ပုံေလးေတြကို ပရိသတ္ေတြၾကည့္ရႈနိုင္ ေစရန္ သူရဲ့ေဖ့ဘြတ္စာမ်က္ႏွာမွာ ေဖာ္ျပထားတာေတြ႕ရပါတယ္။ပုံတိုင္းက ေႂကြခ်င္စရာေကာင္းေလာက္ေအာင္ ေဂၚလြန္းေနတာအမွန္ပါပဲ။

သူရဲ့ အမာခံပရိတ္သတ္ေတြကလည္း ဟိုအရင္ခ်ိန္တစ္ေခတ္တစ္ခါထဲက အားေပးလာၾကတာ ယေန႔ထိ သူအေပၚအခ်စ္ ေတြေလ်ာ့မသြားပဲ ပိုပိုတိုး ခ်စ္လာအားေပးလိုက္ၾကတာ စိုင္းစိုင္းရဲ့ ေအာင္ျမင္မႈ လ်ိဳဝွက္ခ်က္ေလးပါပဲ။နာမည္ႀကီးအဆို တစ္ေယာက္အျဖစ္ ေအာင္ျမင္႐ုံသာမကပဲ စီပြားေရးပိုင္းမွာလည္း ေအာင္ျမင္ေနသူလည္းျဖစ္ပါတယ္။ကဲ…စိုင္းစိုင္းပရိသတ္ေတြအတြက္ စိုင္းရဲ့ဖက္ရွင္ပုံေလးေတြကို မၽွေဝေပးလိုက္ပါတယ္။

Source : Sai Sai Kham Leng Facebook Page

unicode

စိုင်းစိုင်းကတော့ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး အဆိုတော်တစ်ဦးလို့ ပြောရ လောက်အောင် နာမည်ကြီးအောင်မြင်သူ တစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းက Hip Hop ,Pop , Rap ဂီတအမျိုးအစားတွေကို ကိုယ်ပိုင်သံစဉ်တွေဖန်တီးကာ စိတ်တိုင်းကျရေးစပ်သီဆိုလေ့ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကဗျာဆန်ဆန် စာသားလေးတွေနဲ့ မိန်းကလေး ပရိသတ်တွေ အကြိုက်တွေ့အောင် ဖန်တီးရေးသားလေ့ရှိသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဘက်ဘက်က အပြစ်ပြောစရာမရှိအောင် စိုင်းက ထူးချွန်ထက်မြက်တာကြောင့်လည်း ယနေ့တိုင် နာမည်ကိုထိန်းထားနိုင်တဲ့သူ ဖြစ်ပါတယ်။

ခေတ်မှီနုပျိုပြီး စမတ်ကျကျနေတတ်တာကလည်း စိုင်းရဲ့ဆွဲဆောင်မှု ရှိတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။ မမအရွယ်တွေ ကစလို့ ဆယ်ကျော်သက်အရွယ် နှုတ်ခမ်းနီမလေးတွေတော်တော်များများရဲ့အားပေးမှုရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ လတ်တလေ ာမှာတော့ အထာကျကျဖက်ရှင် လေးတွေမျိုးစုံနဲ့ သန့်ပြန့်ခန့်ညားလွန်းတဲ့ အမိုက်စား ပုံလေးတွေကို ပရိသတ်တွေကြည့်ရှုနိုင် စေရန် သူရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံတိုင်းက ကြွေချင်စရာကောင်းလောက်အောင် ဂေါ်လွန်းနေတာအမှန်ပါပဲ။

သူရဲ့ အမာခံပရိတ်သတ်တွေကလည်း ဟိုအရင်ချိန်တစ်ခေတ်တစ်ခါထဲက အားပေးလာကြတာ ယနေ့ထိ သူအပေါ်အချစ် တွေလျော့မသွားပဲ ပိုပိုတိုး ချစ်လာအားပေးလိုက်ကြတာ စိုင်းစိုင်းရဲ့ အောင်မြင်မှု လျိုဝှက်ချက်လေးပါပဲ။နာမည်ကြီးအဆို တစ်ယောက်အဖြစ် အောင်မြင်ရုံသာမကပဲ စီပွားရေးပိုင်းမှာလည်း အောင်မြင်နေသူလည်းဖြစ်ပါတယ်။ကဲ…စိုင်းစိုင်းပရိသတ်တွေအတွက် စိုင်းရဲ့ဖက်ရှင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source : Sai Sai Kham Leng Facebook Page