



unicode

ချစ်ပရိသတ် ကြီးရေ မင်းသားချောလေး ပိုင်တံခွန်ကတော့ မိန်းမလှလေး တွေရဲ့ အားပေးမှုကို အခိုင်မာရရှိထားသူပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက နိုင်ငံအသီးသီးရဲ့ မိန်းကလေးပရိသတ်တွေကြားမှာပါ အကြီးအကျယ်အောင်မြင်နေတဲ့ ပိုင်တံခွန် ကတော့ မျက်နှာပွင့်တဲ့ ကိုလူချောလေး တစ်ယောက် ဖြစ်ပါတယ်။ အရပ်ရှည်ပြီး Body တောင့်တဲ့ပိုင်တံခွန်က မိန်းကလေးတွေကြွေမယ်ဆိုရင်လည်း ကြွေလောက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာ ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်က ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး အောင်မြင်မှုတွေ ရရှိနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ အမိုက်စားတတ်တူးတွေ ပေါ်လွင်နေပြီး အထာကျကျသန့်ပြန်လွန်းနေတဲ့ ဖက်ရှင်လေးနဲ့ အမိုက်စား ရိုက်ထားတဲ့ ပုံလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးထဲမှာ တံခွန်တစ်ယောက် အထာကျကျ ခန့်ညားနေပြီး ကြွေချင်စရာကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ပိုင်တံခွန် ကတော့ကြော်ငြာတွေများစွာ ရိုက်ကူးရပြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင် နေတာ တွေ့ရပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်ကလည်း နှုတ်ခမ်းနီမလေး တွေရဲ့ စိတ်ကိုညို့ယူထားတာ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးအတွက် ပိုင်တံခွန်ရဲ့ ပုံလေးကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit : Paing Takhon Facebook Page