ပရိသတ်ကြီးရေ အနုပညာအလုပ်တွေ ရပ်နားထားခဲ့တာ နှစ် နဲ့ ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့ ခင်လှိုင်ဟာ ဒီကနေ့မှာ တော့ အနားမှာမရှိတော့ သူတစ်ယောက် ကို သတိရနေကြောင်း “…တမ်းတစိတ်… ငါ့အနားမှာ မင်းရှိနေတဲ့ အချိန်တုန်းကပေါ့…တန်ဖိုးထားရ ကောင်းမှန်းမသိခဲ့ဘူး……ငါ့အတွက် မင်းက အချိန်မရွေးရှိနေမယ်လို့…ရူးမိုက်စွာ တွေးထားတာလေ… တစ်ချို့သော မိတ်ဆွေကောင်းတွေကတော့ …စေတနာစကားတွေ နဲ့ သတိပေးပါတယ်…ကောင်လေး သတိထား,,,

တစ်နေ့မှာ…သူက ထားသွားမှာတဲ့…မှန်လိုက်တဲ့ စကား…အခုတော့…ကျွန်တော့်အနားမှာ သူမရှိတော့ပါဘူး😭😭😭 နောင်တကြီးစွာ …တောင်းပန်ပါတယ်… ပြန်လာပါကွယ်…ပိုက်ဆံရယ်💰💰💴💴💵💵💶💶💷💷💸💸💰💰” လို့ဆိုကာ ခံစားချက် အပြည့်နဲ့ ကဗျာရေးစပ် သီကုံးခဲ့တာကို တွေ့ရပါတယ်။

ခင်လှိုင် ကတော့ အနုပညာ အလုပ်တွေကို နှစ် နဲ့ ချီရပ်နားထားတာမို့ ဝင်ငွေ မရှိတော့တဲ့အတွက် ပိုက်ဆံကို တမ်းတသတိရကြောင်း ခံစားချက် အပြည့်နဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲ မှာလည်း ခင်လှိုင်နဲ့ ခံစားချက်ချင်း ထပ်တူကျနေသူတွေ အများအာပားရှိနေမယ်ဆိုတာ သေချာပါတယ်။

Source: Khin Hlaing
crd: Myanmar celebrity

ZAWGYI




Source: Khin Hlaing
crd: Myanmar celebrity