Fitness Trainer သန္တာလှိုင် အတွက် ခင်မင်ရသူ တစ်ယောက်က ပန်းစည်ကြီး လက်ဆောင်ပို့ပေးခဲ့ ပြီး ခင်ပွန်း ဖြစ်သူက ဒီပန်းစည်းကြီး နဲ့ အတူ သူမတို့နှစ်ယောက်ရဲ့အခန်း ထဲမှာ ခပ်ပြောင် ပြောင်းလေးလှဲ အိပ်ကာစောင့်နေခဲ့တဲ့ ပုံလေးကို သန္တာလှိုင်က သူမရဲ့ လူမှုကွန် ရက်မှာ ဝေမျှခဲ့ပါတယ်။ Surprise မလုပ်ဖူးတဲ့ ခင်ပွန်း တစ်ယောက် ဘယ်လို စိတ်ကူးတွေများ ပေါက်သလဲ လို့တောင် တွေးမိတဲ့ အထိပါပဲ။

ချစ်သူ တွေ ပဲဖြစ်စေ အိမ်ထောင်ဖက် တွေပဲဖြစ်စေ နှစ်ယောက် ကြားမှာ တကယ်တမ်း အ ရေးကြီး တာက Surprise လုပ်ပေး တာတွေ မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ အပြန်အလှန် ဖေးမပေးမှု တွေသာ အရေးကြီးတာပါ။ ဒီလိုခင်ပွန်းကို ပိုင်ဆိုင်ထား တဲ့ သန္တာလှိုင် အတွက်တော့ တကယ်ကို ကံကောင်းတာပါပဲ။

ပန်းစည် နဲ့ အတူ ဓာတ်ဖမ်းခဲ့တဲ့ သူမတို့နှစ်ယောက် ရဲ့ ပုံရိပ်တွေကို ” အခန်းထဲဝင်လာ တော့ ကုတင်ပေါ်က သူ့ကို မြင်မြင်ချင်း ခေါင်းထဲ ဝင်လာတဲ့ အတွေးက surprise တစ်ခါမှ မလုပ်ဘူးတဲ့ ငါ့ယောက်ကျား ဘာဖြစ်သွားတာလဲပေါ့ ပါးစပ်ထဲ ကိုက်ထားတဲ့ စားလေး ဖတ်ကြည့် တော့မှ အဖြစ်မှန်ကို အဓိပ္ပါယ်ပေါက်သွားတယ်။ ကောင်မလေးတွေ Valentine’s နေ့မှာ ပန်းစည်း ကောင်းကောင်း လိုချင်ရင် ကိုယ်ကြိုက်တဲ့ ဆိုင်ကပန်းကို ဘယ်လိုမှာ ရသလဲဆိုတာ အချိန်မီ အောင် စောစောစီးစီး ကိုယ့်ကို ပေးစေချင်တဲ့ ကောင်လေး တွေကို သေချာ အထာပေးထားပါ။ ပြီးမှ ကိုယ်စိတ်တိုင်းကျ မရဘူးဆိုရင် စိတ်အနှောက် အယှက်မဖြစ်ပါစေနဲ့။ မိမိစိတ်ချမ်းသာဖို့ မိမိမှာ သာ တာဝန်ရှိပါတယ်နော်။ ယောက်ကျား တွေက နည်းနည်းဝေး တတ်တယ် နီးအောင် တွန်းပို့ဖို့ ဝန်မလေးပါနဲ့လို့ ” ဆိုပြီးတင်ထားတာပဲ ဖြစ်ပါတယ်။

Happy – Cele Zone
Photo – Thandar Hlaing

UNICODE