ပရိသတ်ကြီးရေ သရုပ်ဆောင် ခေးဆက်သွင် ကတော့ ပုဒ်မ ၅၀၅(က) ထုတ်ခံထားရတာ ကြောင့် ထွက်ပြေး တိမ်းရှောင်နေရ ပါတယ်နော်။ တိမ်းရှောင် နေရတဲ့ကြားက သူမ နဲ့ ပတ်သက်တဲ့ မကောင်းသတင်းတွေ တောက်လျှောက်ပေါ် ထွက်လာနေ ပါတယ်နော်။ ခေးဆက်သွင် ကိုယ်တိုင်လည်း ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းလာခဲ့ ပါတယ်နော်။

” ခုချိန်လူတိုင်း ရဲ့ စိတ်အခြေအနေ အနေအထားကို သိပေမယ့် ရှင်းမှရမယ့် အနေအထားမို့ သတင်းတွေဖုံးခဲ့ရင် ကျော်သွားပေးပါရှင့်(ကြိုတောင်းပန်ထားပါရစေ)အနုပညာကိစ္စက လွဲလို့ ဘယ်အခကြေးငွေနဲ့ ဘယ်သူ့နောက်မှ မလိုက်ပါဘူးရှင် …ခေါ်လို့ရတယ်တွေ ဘယ်လောက် ပေါက်တယ်တွေ ပါးစပ်အရသာခံပြီး ပြောနေရင် မောပါမယ်…အရင်ကလည်းမလိုက်ခဲ့ပါဘူး အခုလည်းမလိုက်ပါဘူး နောင်လည်းမလိုက်ပါဘူး

သွားလေရာ သူငယ်ချင်းတွေ အုပ်လိုက်ကြီး ထပ်ကြပ်မခွာပါပါတယ်..ခေးမှာ အသိမိတ်ဆွေ အပေါင်းအသင်းလည်း ပေါပါတယ်…ချစ်သူရည်းစား ထားတဲ့အခါလည်း ထားပါတယ်..night out တဲ့ ထွက်လို့ရတဲ့အချိန်တုန်းကလည်း လူငယ်ပီပီ ထွက်ခဲ့ပါတယ်…ဒါပေမယ့် ပိုက်ဆံ ပေးတိုင်းလိုက်ပြီး(နား နဲ့ မနာ ဖဝါးနဲ့နာပါ)ဆက်စ် ကိစ္စ လိင်ကိစ္စ ကုတင်ပေါ်က ကိစ္စတွေ နဲ့ ဖျော်ဖြေပေးတဲ့ သူမဟုတ်ပါဘူး… သစ္စာလည်းဆိုရဲပါတယ် ခေးမဟုတ်တာ ပြောရင် သွေးစိမ်းရှင်ရှင် အန်ပါစေ…မဟုတ်ပဲနဲ့ ပြောတဲ့သူတွေလည်း ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်ပါစေ….အပြင်ပန်း နဲ့ မဆုံးဖြတ်ပါနဲ့……” လို့ ရေးသားလာပါတယ် ပရိသတ်ကြီးရေ….

Credit……

ZAWGYI




Credit……