ပရိတ်သတ်ကြီးရေ…မင်းသားချော နက္ခတ် ဟာဆိုရင် MRTV-4 မှရိုက်ကူးတင်ဆက် တဲ့ဇာတ်လမ်းတွဲ ပေါင်းများစွာကို ကျရာဇာတ်ရုပ်တိုင်းမှာပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်တွေ ရဲ့အားပေးချစ်မှုကို အပြည့်အဝရ ရှိခဲ့တဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်နော်။သူ့ကို မင်းသားချော နက္ခတ်ဆိုပြီး ပရိတ်သတ်တွေရင်ရှိစေခဲ့တဲ့ ဇာတ်လမ်းတွဲ တွေကတော့ ထာဝရမန္တလေး၊ အရိပ်၊ ကျွန်တော် အမုန်းဆုံး ကျွန်တော် စတဲ့ဇာတ်လမ်းတွဲတွေနဲအောင်မြင်မှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်နော်။

မင်းသားချောနက္ခတ်ဟာ ဆိုရင် အနေအေးသူ တစ်ယောက်ဖြစ်ပြီး အနုပညာလုပ်ငန်းတွေ ကို ကြိုးကြိုးစားစားလုပ်ကိုင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။နက္ခတ်ကချစ်စရာကောင်းပြီး အနေအေးတဲ့ချစ်သူ ချောချောလေးကိုလည်းပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်နော်။အခုလိုအောင်မြင်မှုတွေရရှိထားတဲ့နက္ခတ်ကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့်ပရိသတ်တွေကို ဝမ်းနည်းဖွယ် အကြောင်းအရာလေး တစ်ခု မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒါကတော့ “🙏🏻🙏🏻🙏🏻 13.5 .2021. 11:39pm ကျနော်ချစ် ရ တဲ့ အ ဖေကျနော် တို့ကိုထားသွားခဲ့ပီ အဖေ့ရဲ့ဆုံးမစကား တွေနဲ့သားဘဝကိုအကောင်းဆုံး နေထိုင်ပါ့မယ်။ 🙏🏻🙏🏻🙏🏻🙏🏻…….” ဆိုပြီါ် စိတ်မကောင်းစွာ နဲ့ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။နက္ခတ် ရဲ့ဖခင်ဆုံးပါးသွားခဲ့တဲ့ အတွက်လည်းပရိသတ်တွေများစွာစိတ်မကောင်းဖြစ်ပြီးအားပေးစကား ပြောနေကြတာလည်း တွေ့ရပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source: Nat Khat’s Facebook acc
Credit ; Celebrity Platforms

ZAW GYI




