


unicode

ပြည်ပနိုင်ငံရဲ့ မိန်းကလေးပရိသတ် တွေကတောင် တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ပုံစံလေးကလည်း လူတိုင်းရဲ့ အာရုံကို ဖမ်းစားထားတာ လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ မော်ဒယ်လောက မှတစ်ဆင့် အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ သူဟာ လူငယ်ဆန်ဆန် ဖက်ရှင်လေးတွေကိုလည်း လိုက်ဖက်ညီအောင် ဝတ်ဆင်တတ် သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ပိုင်တံခွန်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ် ဆောင်နေပြီး Music Video များမှာလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေမှ ရရှိလာတဲ့ ငွေကြေး တစ်ချို့ကိုလည်း အမြဲလှူဒါန်းလေ့ရှိတာကြောင့် ပရိသတ်တွေ အားလုံးက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ သူ့ရဲ့ လှုပ်ရှားမှု တွေတိုင်းကိုလည်း ပရိသတ်တွေအား အမြဲဝေမျှ ပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd-May Chit Thway’s Facebook Account