crd
UNICODE
ပရိသတ်ကြီးရေ မိုးယံဇွန် ကတော့ PPP အမတ် ကျော်ဇေယျ ရဲ့ သားဖြစ် တာကြောင့် ဖခင် နဲ့ နည်းတူ တော်လှန်ရေး ပါဝင် သူများ ကို လိုက်ပြီး တိုက်ခိုက် နေတာပါနော်။ အနုပညာအသိုင်းဝိုင်းက တစ်ယောက် ကတော့ မိုးယံဇွန် ဟာ မင်းသမီး တစ်ဦးအား အဘ တွေကို တောင်းပန်ရင် အပြစ်က လွတ်လောက် တယ်ဆိုပြီး ပြောခဲ့တဲ့အ ကြောင်း သူ့ရဲ့အကောင့်မှာ တင်ခဲ့ တာပါ။ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးယံဇွန် ရဲ့ ဖြေရှင်းချက်ကတော့ ” ပုဂ္ဂိုလ်ရေး အရ ခင်ဗျား နဲ့ ကျွန်တော် တစ်ခါမှ စော်ကား မှုတွေ ရန်ငြိုးတွေ လည်း မရှိပါဘူး။ ဒါပေမယ့် ဘာရည်ရွယ်ချက် နဲ့ အခုလို နာမည် တပ်ပီးရေးရ တာလဲ???ခင်ဗျား ကို အတိအကျပြောတယ်ဆိုတဲ့ သူက ဘယ်သူလဲ ???ဘယ်က ကောင် / မလဲ???ကျွန်တော်က ပြောတယ် ဆိုတဲ့ မင်းသမီး???ဘယ်မင်းသမီးလဲ ? ဘယ်ကမင်းသမီးလဲ?
အဘတွေ ဆိုတာက ရောဘယ်ကလဲ???ဘယ်နားက အဘ တွေလဲ???သိချင်လွန်း လို့ အတိ အကျ မြန်မြန်လေး ရှင်းပေးပါ !!!!!ခင်ဗျား sms မှာပြန်ပြော ထားတဲ့အတိုင်း အမြန်ဆုံး ရှင်းပေးပါ !!!!!(ခင်ဗျား နဲ့ အနုပညာအ လုပ်တစ်ခုကိုအတူလုပ်ခဲ့ ဖူးလို့ စေတနာ နဲ့ အကြံ ပေးလိုက် မယ် အခုလိုမျိုး ကျွန်တော် မှ မဟုတ်ဘူး သူတစ်ဖက်သားကို အခြေ အမြစ်မရှိ သက်သေ အတိအကျ မရှိပဲ social media မှာ ပုဂ္ဂိုလ်ရေး တိုက်ခို က်ပီး အပင်ပန်းခံ $ ဖောင်းထု အာချောင်နေမယ့် အစားအခု ခင်ဗျားကိုယ်တိုင် ကြုံတွေ့ခံစားနေရတဲ့ သောကဒုက္ခ အန္တရယ်ဘေး ကနေကင်းလွတ် အောင် အတွက်ပဲအပင် ပန်းခံတာ ပိုပီး အကျိုးရှိမယ်ထင်တယ်)” လို့ ရေးသားပြီး ရှင်းထားတာ ပါ။တစ်ဖက်ကလည်း ” မိုးယံဇွန် မနေ့ညက ဖုန်းဆက်တယ်။ ဒလန် ဖြစ်နေမှာ စိုးလို့ ကျွန်တော် မကိုင်တော့ SMS ပို့ပြီးကျွန်တော် မနေ့နေ့ လည် က status တင်ထား သလို သူဘယ်မင်းသမီး ကိုမှ “အဘတွေကို တောင်းပန်လိုက်ပါ။ သူတို့က ခေတ် အဆက်ဆက် နိုင်နေကျပါ” ဆို တဲ့စ ကား မပြောဖူးပါဘူးလို့ ပြောတယ်။ ဒီကိစ္စ ကိုဖြေရှင်း ပေးပါ။ သူ့ဘက်က လုံးဝ မပြောခဲ့ဘူး ချည်းပဲပြောတယ်။ မဖြေရှင်း ပေးရင် အသရေ ဖျက်မှုနဲ့ တရားစွဲမယ်။
ကလေးတွေ သေဒါဏ် ကျခံနေရတဲ့ အချိန်မှာ အသရေ ဖျက်မှု လောက်ကို ကျွန်တော် မကြောက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကြားလာတာကို source ဖော်ပြီး မဖြေရှင်းချင်ဘူး။ ဟိုမှာက သူ့အပူ နဲ့ သူ။ ကျွန်တော် လျှာရှည်လို့ ဒုက္ခပို မရောက်စေချင်ပါ။ အဲဒီတော့ ကျွန်တော်ပြောခဲ့တဲ့ စကားအတွက် ကျွန်တော် တာဝန်ယူပါတယ်။ အဲဒီ status ဟာဘယ်သူ နဲ့ မှ မဆိုင်ပဲကျွန်တော် တစ်ယောက်တည်း နဲ့ ပဲ ဆိုင်ပါတယ်။ source မဖော်ပြနိုင်တဲ့ အထက်ပါ စွပ်စွဲချက် အတွက် ကျွန်တော် တစ်ယောက် တည်းက ကာယကံ ရှင်အား တောင်းပန်ပါတယ်။ဒါပေမယ့် boycott လုပ်မယ် ဆိုတဲ့ စကား အတွက်တော့ မတောင်းပန် နိုင်ပါ။ တစ်သက် လုံး boycott ပါ။ ကိုယ့်မင်းသား မင်းသမီးတွေ ထွက် ပြေးနေရချိန်မှာ MWD မှာဖျော်ဖြေရေး လုပ်နေတဲ့ မင်းသား နဲ့ နောက်နောင် ဘယ်တော့ မှအလုပ်တွဲ မလုပ်နိုင်ပါ။” တိတိကျကျ ပြန်ပြောထား တာပါ နော်။
crd