



unicode

လူတိုင်း အပေါ်ဖော်ရွေလွန်းပြီး စိတ်ထား အရမ်းကောင်းမွ တာကြောင့် ယနေ့ချိန် အထိ အောင်မြင်မှုတွေများစွာနဲ့ ထိပ်တန်းမင်းသား အဖြစ် အနုပညာလောကမှာ ခိုင်ခိုင် မာမာရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် မင်းသားချောလေး နေတိုးပဲ ဖြစ်ပါတယ်။ နေတိုးဟာ ရခိုင်လူမျိုး ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ တွေကို အပြည့်အဝ ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျရာနေရာတိုင်း ပီပြင်ပြောင်မြောက် စွာ သရုပ်ဆောင်နိုင်တာကြောင့်လည်း အကယ်ဒမီထူးချွန်ဆု တွေများစွာ ရရှိထားတာလည်း ဖြစ်ပါတယ်။

နေတိုးဟာ အနုပညာသမားအချင်းချင်း ညီအစ်ကို မောင်နှမရင်းသဖွယ် ဆက်ဆံတာကြောင့်လည်း အားလုံးက သူ့ရဲ့စိတ်ထားလေးကို လေးစားချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလော မှာတော့ ကိုဗစ်ကာလဖြစ်တာကြောင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ မရှိသေး သော်လည်း ကြော်ငြာလေးတွေကိုတော့ အဆက်မပြတ် ရိုက်ကူးနေတာ လည်း ဖြစ်ပါတယ်။ သူ့ရဲ့ အားလပ်ရက်တိုင်းမှာလည်း သူငယ်ချင်းတွေ နဲ့တွေ့ဆုံရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာလည်း ဖြစ်ပါတယ်။

မနေ့ည ကလည်း သရုပ်ဆောင် ကျော်ကျော်ဗိုလ် အသစ်ဖွင့်လှစ်မယ့် ကော်ဖီဆိုင်လေး ကို အလည်အပတ်သွားရောက် ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးတစ်ယောက် ဒီဆိုင်လေးကို ကားဖြင့်လာရောက်ခဲ့တာမဟုတ်ဘဲပရိသတ်တွေ သိပ်မမြင်ဖူးတဲ့ ဆိုင်ကယ်မောင်းကာ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက်ရဲ့ လူမှုကွန်ယက်စာမျက်နှ ာတွင်လည်း ” ဒီညမှာ ဒီလို တော်ကီပွား နောက်ထပ်တွေ့မြင်ရမယ့် ဘာညာစမာကလာ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ကိုပေါက်တို့သူငယ်ချင်း တွေရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Aung Min Naing’s Facebook Account and Nay Toe’s Facebook Page