ပရဟိတ ဆိုတာ ကိုယ္က်ိဳး စြန႔္ၿပီး အမ်ားအက်ိဳးကို ေဆာင္ရြက္ရတဲ့ အလုပ္မို႔ ေတာ္႐ုံလူ မလုပ္နိုင္ပါဘူး။ ပရဟိတ လုပ္ငန္းေတြ ကို ႏွစ္ရွည္လ မ်ားလုပ္ကိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ ရဲ့ ေစတနာ ကေတာ့ တကယ့္ကို အံ့မခန္း ပါပဲေနာ္။ လိုအပ္တဲ့ ေနရာေတြဆီ ကို ဘယ္ေလာက္ ေဝးေဝး ကိုယ္တိုင္ အေရာက္ သြားၿပီး အကူအညီ လိုတဲ့လက္ေတြ ကို အေႏြးေထြး ဆုံး ေဖးမေပးခဲ့ သူ တစ္ေယာက္ပါ။

ဒီလို ကာလမွာ ဆိုရင္ အကူအညီ လိုအပ္ေနသူ ေတြလည္း အမ်ား အျပား ရွိေနၿပီး ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း ကလည္း လက္လွမ္း မွီသေလာက္ လိုက္လံ ကူညီေပးခဲ့တာလည္း ျဖစ္ပါတယ္။ ဒီေန႔မွာ လည္း ေတာင္ဒဂုံ က်ဴးရပ္ကြက္မွာ ေနထိုင္တဲ့ ကေလး (၇) ေယာက္အေမ မုဆိုးမ ရဲ့ အိမ္ေလးကို ျပန္ျပင္ ေဆာက္ေပးကာ ေကာင္းမႈ ကုသိုလ္ျပဳခဲ့ ျပန္ပါတယ္။

ဒီလို ကူညီျဖစ္ခဲ့ ေၾကာင္းကို လည္း ” ေတာင္ဒဂုံ က်ဴးက မုဆိုးမ (ေယာက္က်ားဆုံးတာ တစ္လပဲရွိေသး) ကေလး ၆ေယာက္အေမ ကိုယ္ဝန္ ေဆာင္သည္ (အခုေတာ့ ကေလး ေမြးလို႔ ကေလး ၇ေယာက္ အေမျဖစ္) မဝါဝါေလး ရဲ့ မိုးမလုံ အခင္း ေပါက္ျပဲ အကာမရွိ အိမ္ေဟာင္းေလး ကို မေန႔က အဖြဲ႕သား ေတြ ဝိုင္းဝန္း ကူညီ ဖ်က္ေပးၾကပါတယ္။ရဒီေန႔ အိမ္ေလး စေဆာက္ ပါၿပီ။ မဝါဝါ ေလးကေတာ့ တစ္အိမ္ေက်ာ္ က ေမာင္ေလး ရဲ့ အိမ္မွာ ကေလး မီးဖြားၿပီး ေနေန ပါတယ္။ မိုးရာသီက ေရာက္ခါနီး က်ဴးရပ္ကြက္ ေတြထဲ ဆန္ဆီ လိုက္လႉ ေပးရင္း တခ်ိဳ႕ က်ဳးအိမ္ ေလးေတြ လည္း အမိုး အကာ မလုံျခဳံတာ အမ်ားႀကီး ေတြ႕ခဲ့ ရတယ္။အခုကာလ ကလည္း စားေသာက္ ဖို႔ေတာင္ အလႉရွင္ ေတြရဲ့ လႉဒါန္း မႈ နဲ႔ အသက္ဆက္ ေန ရခ်ိန္ အလုပ္အကိုင္ ကမရွိရ သည့္ ၾကား သားသမီးေတြ ကမ်ား က်ဳးအိမ္ ေသးေလးကို ေတာင္ လုံျခဳံေအာင္ မမိုးမကာနိုင္။ ဒီအိမ္ေလး လို ပဲ တခ်ိဳ႕ သက္ႀကီး ဖိုးဖြား ကေလးငယ္ ကိုယ္ဝန္ေဆာင္သည္ ေတြ ရဲ့ မလုံမျခဳံ အိမ္ေလးေတြ အတြက္ တတ္နိုင္သေလာက္ေလး သင့္ေတာ္တယ့္ အမိုးအကာ ေတြ လႉဒါန္း ေပးသြား ပါအုံးမယ္။ေဖာင္ေဒးရွင္း ႏွင့္ အတူ အမိုးအကာ ေတြ အတြက္ ကုသိုလ္ ပါဝင္ၾကပါအုံး လို႔ တိုက္တြန္း ႏွိုးေဆာ္ ပါရေစ။”ဆိုၿပီး ေရးသား ေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ ေဖာ္ၿပ ေပးလိုက္ပါတယ္။

Yuan- Cele Zone
Photo – Wai Lu Kyaw

UNICODE

ပရဟိတ ဆိုတာ ကိုယ်ကျိုး စွန့်ပြီး အများအကျိုးကို ဆောင်ရွက်ရတဲ့ အလုပ်မို့ တော်ရုံလူ မလုပ်နိုင်ပါဘူး။ ပရဟိတ လုပ်ငန်းတွေ ကို နှစ်ရှည်လ များလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် ဝေဠုကျော် ရဲ့ စေတနာ ကတော့ တကယ့်ကို အံ့မခန်း ပါပဲနော်။ လိုအပ်တဲ့ နေရာတွေဆီ ကို ဘယ်လောက် ဝေးဝေး ကိုယ်တိုင် အရောက် သွားပြီး အကူအညီ လိုတဲ့လက်တွေ ကို အနွေးထွေး ဆုံး ဖေးမပေးခဲ့ သူ တစ်ယောက်ပါ။

ဒီလို ကာလမှာ ဆိုရင် အကူအညီ လိုအပ်နေသူ တွေလည်း အများ အပြား ရှိနေပြီး ဝေဠုကျော် ဖောင်ဒေးရှင်း ကလည်း လက်လှမ်း မှီသလောက် လိုက်လံ ကူညီပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာ လည်း တောင်ဒဂုံ ကျူးရပ်ကွက်မှာ နေထိုင်တဲ့ ကလေး (၇) ယောက်အမေ မုဆိုးမ ရဲ့ အိမ်လေးကို ပြန်ပြင် ဆောက်ပေးကာ ကောင်းမှု ကုသိုလ်ပြုခဲ့ ပြန်ပါတယ်။

ဒီလို ကူညီဖြစ်ခဲ့ ကြောင်းကို လည်း ” တောင်ဒဂုံ ကျူးက မုဆိုးမ (ယောက်ကျားဆုံးတာ တစ်လပဲရှိသေး) ကလေး ၆ယောက်အမေ ကိုယ်ဝန် ဆောင်သည် (အခုတော့ ကလေး မွေးလို့ ကလေး ရယောက် အမေဖြစ်) မဝါဝါလေး ရဲ့ မိုးမလုံ အခင်း ပေါက်ပြဲ အကာမရှိ အိမ်ဟောင်းလေး ကို မနေ့က အဖွဲ့သား တွေ ဝိုင်းဝန်း ကူညီ ဖျက်ပေးကြပါတယ်။ရဒီနေ့ အိမ်လေး စဆောက် ပါပြီ။ မဝါဝါ လေးကတော့ တစ်အိမ်ကျော် က မောင်လေး ရဲ့ အိမ်မှာ ကလေး မီးဖွားပြီး နေနေ ပါတယ်။ မိုးရာသီက ရောက်ခါနီး ကျူးရပ်ကွက် တွေထဲ ဆန်ဆီ လိုက်လှူ ပေးရင်း တချို့ ကျုးအိမ် လေးတွေ လည်း အမိုး အကာ မလုံခြုံတာ အများကြီး တွေ့ခဲ့ ရတယ်။အခုကာလ ကလည်း စားသောက် ဖို့တောင် အလှူရှင် တွေရဲ့ လှူဒါန်း မှု နဲ့ အသက်ဆက် နေ ရချိန် အလုပ်အကိုင် ကမရှိရ သည့် ကြား သားသမီးတွေ ကများ ကျုးအိမ် သေးလေးကို တောင် လုံခြုံအောင် မမိုးမကာနိုင်။ ဒီအိမ်လေး လို ပဲ တချို့ သက်ကြီး ဖိုးဖွား ကလေးငယ် ကိုယ်ဝန်ဆောင်သည် တွေ ရဲ့ မလုံမခြုံ အိမ်လေးတွေ အတွက် တတ်နိုင်သလောက်လေး သင့်တော်တယ့် အမိုးအကာ တွေ လှူဒါန်း ပေးသွား ပါအုံးမယ်။ဖောင်ဒေးရှင်း နှင့် အတူ အမိုးအကာ တွေ အတွက် ကုသိုလ် ပါဝင်ကြပါအုံး လို့ တိုက်တွန်း နှိုးဆော် ပါရစေ။”ဆိုပြီး ရေးသား ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။

Yuan- Cele Zone
Photo – Wai Lu Kyaw