ပရိသတ်ကြီးရေ မင်းသမီးလေး ခိုင်နှင်းဝေက တော့ ရုပ်ရှင်နှင့် ဗီဒီယိုတွေမှာ အကောင်းဆုံ သရုပ်ဆောင်နိုင် တာကြောင့် ပရိတ်သတ် အားပေးမှု အခိုင်အမာရရှိထားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ခိုင်နှင်းဝေ က အသက်အရွယ် တစ်ခုရောက်ရှိလာချိန်မှာ တော့ အနုပညာလုပ်ငန်းတွေထက် လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ပိုမိုဦးစားပေးလုပ်ကိုင်နေတာ ကို ပရိသတ်ကြီး အားလုံး သိပြီးသား ဖြစ်မှာပါ။

ခိုင်နှင်းဝေက အခုလို ကပ်ရောဂါ နဲ့ ရင်ဆိုင်နေရချိန်မှာ လည်း ချို့တဲ့ခက်ခဲနေသူ တွေအတွက် ရှေ့ဆုံးကနေ တက်ကြွစွာ ကူညီဖေးမပေးနေလျက်ရှိပါတယ်။ခိုင်နှင်းဝေဟာ ဒီကနေ့မှာတော့ သူမရဲ့ ဒုတိယ မိသားစုလို့ပြောနိုင်တဲ့ ဂေဟာက ဝန်ထမ်းတွေဆီက အမှတ်တရမွေးနေ့လက်ဆောင်ရရှိခဲ့ကြောင်းပြောလာပါတယ်။

ခိုင်နှင်းဝေက သူမရဲ့ဝန်ထမ်းတွေဆီက အမှတ်တရလက်ဆောင်ရရှိခဲ့တဲ့ ဗီဒီယိုလေးကို “ဝန်ထမ်းတွေရဲ့ မွေးနေ့ အကြို Surprise အစီအစဉ်လေး..❤️❤️” ဆိုပြီး ပီတိတွေနဲ့ မျှဝေပေးလာခဲ့ပါတယ်။ခိုင်နှင်းဝေကတော့ သွေးမတော် သားမစပ်ပေမယ့် မိသားစုရင်းလို ချစ်ရတဲ့ ဂေဟာဝန်ထမ်းတွေဆီက မွေးနေ့မရောက်ခင်မှာပဲ လက်ဆောင်တွေ ရရှိနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေ ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

Source: Khine Hnin Wai
Credit….

ZAWGYI

ပရိသတ္ႀကီးေရ မင္းသမီးေလး ခိုင္ႏွင္းေဝက ေတာ့ ႐ုပ္ရွင္ႏွင့္ ဗီဒီယိုေတြမွာ အေကာင္းဆုံ သ႐ုပ္ေဆာင္နိုင္ တာေၾကာင့္ ပရိတ္သတ္ အားေပးမႈ အခိုင္အမာရရွိထားခဲ့သူတစ္ဦး ျဖစ္ပါတယ္။ခိုင္ႏွင္းေဝ က အသက္အရြယ္ တစ္ခုေရာက္ရွိလာခ်ိန္မွာ ေတာ့ အႏုပညာလုပ္ငန္းေတြထက္ လူမႈအက်ိဳးျပဳ ပရဟိတလုပ္ငန္းေတြကို ပိုမိုဦးစားေပးလုပ္ကိုင္ေနတာ ကို ပရိသတ္ႀကီး အားလုံး သိၿပီးသား ျဖစ္မွာပါ။

ခိုင္ႏွင္းေဝက အခုလို ကပ္ေရာဂါ နဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ လည္း ခ်ိဳ႕တဲ့ခက္ခဲေနသူ ေတြအတြက္ ေရွ႕ဆုံးကေန တက္ႂကြစြာ ကူညီေဖးမေပးေနလ်က္ရွိပါတယ္။ခိုင္ႏွင္းေဝဟာ ဒီကေန႔မွာေတာ့ သူမရဲ့ ဒုတိယ မိသားစုလို႔ေျပာနိုင္တဲ့ ေဂဟာက ဝန္ထမ္းေတြဆီက အမွတ္တရေမြးေန႔လက္ေဆာင္ရရွိခဲ့ေၾကာင္းေျပာလာပါတယ္။

ခိုင္ႏွင္းေဝက သူမရဲ့ဝန္ထမ္းေတြဆီက အမွတ္တရလက္ေဆာင္ရရွိခဲ့တဲ့ ဗီဒီယိုေလးကို “ဝန္ထမ္းေတြရဲ့ ေမြးေန႔ အႀကိဳ Surprise အစီအစဥ္ေလး..❤️❤️” ဆိုၿပီး ပီတိေတြနဲ႔ မၽွေဝေပးလာခဲ့ပါတယ္။ခိုင္ႏွင္းေဝကေတာ့ ေသြးမေတာ္ သားမစပ္ေပမယ့္ မိသားစုရင္းလို ခ်စ္ရတဲ့ ေဂဟာဝန္ထမ္းေတြဆီက ေမြးေန႔မေရာက္ခင္မွာပဲ လက္ေဆာင္ေတြ ရရွိေနတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခိုင္ႏွင္းေဝ ရဲ့ ဗီဒီယိုေလးကိုၾကည့္ၿပီး အေပ်ာ္ေတြကူးစက္သြားမယ္ထင္ပါတယ္ေနာ္။

Source: Khine Hnin Wai
Credit….