မြောက်ဥက္ကလာ အဝိုင်း တွင် မကျွတ် မလွတ်သော ဝိညဉ်များကြောင့် ညတိုင်း ချောက်လှန့်ခြင်းခံရနေ ရတဲ့ ရဲတစ်ဖွဲ့ဝင်များ အကြမ်းဖက်ဖြို ခွင်းခံရပီး
အသက်ပေါင်း များစွာ ပေးဆပ်လိုက် ရတဲ့ မြောက်ဥက္ကလာ အဝိုင်းနား မှာ လူသေမှု တွေမြောက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ညဘက် ၃ နာရီလောက် ဆို ဆိုရင် လူစု လူဝေး နဲ့ အသံကြား လို့ တပ်ဖွဲ့တွေ သွားကြည့် တာပါ ဘာမှတော့ မတွေ့ခဲ့ပါဖူး။အော်ဟစ်သံ များလို ကြားရပီး သွားကြည့်ရင် ဘယ်သူမှ မရှိဘဲဖြစ်နေခြင်း စစ်ကားတန်း လာနေတဲ့ အချိန် ကားမီးအရှေ့ အရိပ်လိုလိုများ ဖြတ်ဖြတ် သွားကြောင်း ကယ်ကြပါ ၊ ယူကြပါ အသံများ ညစဉ် ညတိုင်း ကြားနေရကြောင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ယောက်က ဝင်ခံလာပါတယ်။

အသံတွေ ကလည်း နီးနီးလေးက ဘဲအော် နေသလိုလို အရိပ်တွေ ကတော့ အနားကဘဲ ဖြတ်သွားတာ သွားကြည့်ရင် မရှိတော့ဖူး ။ ပီးတော့ မှောင် ထဲကြည့်လိုက်ရေအိုင် နေသလိုမျိုး အကွက်တွေ တွေ့နေတာ အမှတ်တမဲ့ ဆိုသွေးကွက်နေ ဖြစ်နေသလိုမျိုး ၊ မီးထိုးကြည့်ရင် ဘာမှမရှိဖူး တစ်ဖွဲ့ဝင်တွေက တောထဲက သားရဲကောင်တွေ သာမကြောက် တာဗျာ၊မမြင်ရတော့ အားလုံးကြောက် နေကြတယ်။တစ်နေ့က တပ်ကတပ်သားတစ်ယောက် တစ်ညတုန်းက ဝင်ပူးခံရတယ်ပီးတော့ ကယောင်ကတန်းတွေပြောနေတာ၊အစက ဖျားနေတာဘဲ ထင်ကြတာ နောက်တော့ မှ ဗိုလ်ကြီးက ရိပ်မိသွားပီး ဖတ်ရွတ် ပရိတ်ရေတိုက်တာတို့ဖျန်းတာတို့လုပ်လိုက်မှ ထွက်သွားတာ၊နောက်ဆုံးမှာ အမျှမဝေ နဲ့ ဆိုတာ ပီပီ သသ ကြီး ပြောသွားသေးတယ်။

အာ့လို မျိုးတွေက တစ်ယောက် နှစ်ယောက် ကြုံရတာ မဟုတ်ဖူးလေ ည ဂျူတီကျတဲ့တစ်ဖွဲ့လုံး ကြုံနေရတာဆို တော့လည်း ပြောရခက်တယ်ပေါ့။ တချို့တပ်သားပေါက်စ လေးတွေ ဆိုလန့်ပီး ကြောက်ဖျားဖျား နေကြတယ် ညနက်ပိုင်း တွေဆို ပြဿနာဖြစ်တာ တွေများ လာတယ် ရဲဘော် ၂ ယောက်ရန် ဖြစ်ပီး အချင်းချင်း ပစ်မယ် ခတ်မယ် တွေ ဖြစ်လို့ ဗိုလ်ကြီး ဒဏ်ပေး ထားရတယ်။အထက်ကို တော့ မင်းမိန့် နဲ့ နှင်ခိုင်းဖို့တော့ တင်ပြထားပါတယ် လို့ ပြောပြလာပါတယ်၊မကောင်းမှု့ကနောင်ဘဝ မကူးပါဘူး အခုပဲ လက်တွေ ခံစားနေရပီ ကျဆုံးသွားတဲ့ အာဇာနည်တွေက သေဆုံးတာတောင်အနားမယူ ကြသေးဘဲ ဆက်တိုက်ပွဲဝင်နေကြတာပြည်သူတစ်ယောက် အနေ နဲ့ အရမ်း ဝမ်းနည်း ခံ စားရပါတယ်။အခုလို အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်သောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါ စေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Crd-Original Post

UNICODE