သ႐ုပ္ေဆာင္ ျမတ္နိုးေအး ကေတာ့ ေဖေဖာ္ဝါရီလ အစကတည္းက ျဖစ္ေပၚ ခဲ့တဲ့ အေၿခ အေန ေတြမွာ ျပည္သူေတြနဲ႔ အတူ တစ္သားတည္း ရပ္တည္ခဲ့ ၿပီး ဆိုရွယ္ မီဒီယာထက္ မွာ လည္း Speak out လုပ္ေပး ေနတဲ့ သူတစ္ေယာက္ ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Facebook , Instagram , Twitter နဲ႔ Tiktok မွာ လည္း လက္ရွိ အေျခအေန နဲ႔ ပတ္သတ္တာ ေတြကို အမ်ား ျပည္သူ သိရေအာင္ အျမဲ လိုလို ေရးသား မၽွေဝ ေပးေလ့ ရွိတာျဖစ္ပါတယ္။

ဒီကေန႔ မွာ ေတာ့ ျမတ္နိုးေအး က သူမကို ၅၀၅ က ပုဒ္မ နဲ႔ တရားစြဲ ဆို ၿခိမ္းေျခာက္ တာနဲ႔ ပတ္သတ္ၿပီး Post တစ္ခုတင္ ေပးလာခဲ့ ပါတယ္။ ဒါကေတာ့ ျမတ္နိုးေအး က နဂိုတည္းက ေၾကာက္တတ္သူ တစ္ေယာက္ ျဖစ္ေပမယ့္ လည္း အခုလို ကိုယ္တိုင္ၾကဳံေတြ႕ရတဲ့ အေျခအေန မ်ိဳးမွာ သူမ လုပ္ခဲ့ တဲ့ လုပ္ရပ္ေတြနဲ႔ အမွန္ တရားဘက္က ရပ္တည္ခဲ့တဲ့ အတြက္ လိပ္ျပာ လုံၿပီး ဂုဏ္ယူမဆုံး ျဖစ္ေနမိတယ္ ဆိုတဲ့ အေၾကာင္း ကို ေရးသား မၽွေဝ ထားတာပါ။

ျမတ္နိုးေအးက သူမရဲ့ Facebook Account ထက္မွာ ” နဂို တည္းက ဘာမဆို ေၾကာက္တတ္တဲ့ ကၽြန္မ ကိုယ့္အလွည့္ ေရာက္လာရင္ ေတာ္ေတာ္ ေၾကာက္မိမယ္ ထင္ထားခဲ့ သမၽွ တကယ့္ တကယ္ ၾကဳံလာရတဲ့ အခ်ိန္ အမွန္တရား ဘက္မွာ ရပ္တည္ ခဲ့တဲ့ ကိုယ့္လုပ္ရပ္ ေတြကိုပဲ ဂုဏ္ယူ မဆုံး ျဖစ္မိေနပါတယ္။ လိပ္ျပာလည္း လုံပါ တယ္ မပါလာခဲ့ရင္ ေတာင္ ဒီေလာက္ လုပ္ထားရက္နဲ႔ ကြာ..ဆိုၿပီး စိတ္ေကာက္ မိမွာပါ ( ဤကား စကားခ်ပ္ ) စိတ္ခ်မ္းသာ စရာေကာင္းမယ့္ အနာဂတ္ မွာ အားလုံးတူတူ ျပန္ေတြ႕ ၾကရမွာမို႔ အားလုံးလည္း ေဘးကင္းေအာင္ ေနေပးၾကပါ။ စိတ္ပူ ေပးတဲ့ တစ္ေယာက္စီ အတြက္ေက်းဇူးပါ။ ေဘးကင္းေအာင္ ရွင္သန္ပါ့မယ္ ” ဆိုတဲ့ စာသား ေလးကို ေရးသား လာတာ ျဖစ္လို႔ ပရိသတ္ေတြ ထံ ကူးယူ ေဖာ္ျပေပး လိုက္ပါတယ္။

Photo Credit – Myat Noe Aye – ျမတ္နိုးေအး ‘s Facebook Page

UNICODE

သရုပ်ဆောင် မြတ်နိုးအေး ကတော့ ဖေဖော်ဝါရီလ အစကတည်းက ဖြစ်ပေါ် ခဲ့တဲ့ အခြေ အနေ တွေမှာ ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ခဲ့ ပြီး ဆိုရှယ် မီဒီယာထက် မှာ လည်း Speak out လုပ်ပေး နေတဲ့ သူတစ်ယောက် ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook , Instagram , Twitter နဲ့ Tiktok မှာ လည်း လက်ရှိ အခြေအနေ နဲ့ ပတ်သတ်တာ တွေကို အများ ပြည်သူ သိရအောင် အမြဲ လိုလို ရေးသား မျှဝေ ပေးလေ့ ရှိတာဖြစ်ပါတယ်။

ဒီကနေ့ မှာ တော့ မြတ်နိုးအေး က သူမကို ၅၀၅ က ပုဒ်မ နဲ့ တရားစွဲ ဆို ခြိမ်းခြောက် တာနဲ့ ပတ်သတ်ပြီး Post တစ်ခုတင် ပေးလာခဲ့ ပါတယ်။ ဒါကတော့ မြတ်နိုးအေး က နဂိုတည်းက ကြောက်တတ်သူ တစ်ယောက် ဖြစ်ပေမယ့် လည်း အခုလို ကိုယ်တိုင်ကြုံတွေ့ရတဲ့ အခြေအနေ မျိုးမှာ သူမ လုပ်ခဲ့ တဲ့ လုပ်ရပ်တွေနဲ့ အမှန် တရားဘက်က ရပ်တည်ခဲ့တဲ့ အတွက် လိပ်ပြာ လုံပြီး ဂုဏ်ယူမဆုံး ဖြစ်နေမိတယ် ဆိုတဲ့ အကြောင်း ကို ရေးသား မျှဝေ ထားတာပါ။

မြတ်နိုးအေးက သူမရဲ့ Facebook Account ထက်မှာ ” နဂို တည်းက ဘာမဆို ကြောက်တတ်တဲ့ ကျွန်မ ကိုယ့်အလှည့် ရောက်လာရင် တော်တော် ကြောက်မိမယ် ထင်ထားခဲ့ သမျှ တကယ့် တကယ် ကြုံလာရတဲ့ အချိန် အမှန်တရား ဘက်မှာ ရပ်တည် ခဲ့တဲ့ ကိုယ့်လုပ်ရပ် တွေကိုပဲ ဂုဏ်ယူ မဆုံး ဖြစ်မိနေပါတယ်။ လိပ်ပြာလည်း လုံပါ တယ် မပါလာခဲ့ရင် တောင် ဒီလောက် လုပ်ထားရက်နဲ့ ကွာ..ဆိုပြီး စိတ်ကောက် မိမှာပါ ( ဤကား စကားချပ် ) စိတ်ချမ်းသာ စရာကောင်းမယ့် အနာဂတ် မှာ အားလုံးတူတူ ပြန်တွေ့ ကြရမှာမို့ အားလုံးလည်း ဘေးကင်းအောင် နေပေးကြပါ။ စိတ်ပူ ပေးတဲ့ တစ်ယောက်စီ အတွက်ကျေးဇူးပါ။ ဘေးကင်းအောင် ရှင်သန်ပါ့မယ် ” ဆိုတဲ့ စာသား လေးကို ရေးသား လာတာ ဖြစ်လို့ ပရိသတ်တွေ ထံ ကူးယူ ဖော်ပြပေး လိုက်ပါတယ်။

Photo Credit – Myat Noe Aye – မြတ်နိုးအေး ‘s Facebook Page