သရုပ်ဆောင် ဟိန်းထက် ကို တော့ ချစ်ပရိသတ်ကြီး ချစ်မှာပါ။အောင်မြင်နေတဲ့ တတ်သစ်စ သရုပ်ဆောင် တစ်ယောက် ဖြစ်သလို ချစ်ပရိသတ်တွေ ရဲ့ အချစ်ပေါင်းများစွာကို လည်း ရယူပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းတွဲ တွေမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင် တက်တဲ့ ဟိန်းထက်က ပရိတ်သတ်တွေရဲ့အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဟိန်းထက် က နွေဦးတော်လှန်ရေး မှာလည်း ပြည်သူတွေ နဲ့ အတူအမှန်တရားအတွက် ရဲရင့်စွာ တိုက်ပွဲဝင်နေခဲ့ တာလည်းဖြစ်ပါတယ်။ယခုမှာဆိုရင်တော့ဖြင့် သရုပ်ဆောင်ဟိန်းထက် ဟာ လွတ်မြောက်နယ်မြေမှာ လက်နက် ကိုင်ပြီး အာဏာရှင်ကို တော်လှန်ဖို့အတွက် တောထဲကို ရောက် ရှိနေတာပဲဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံကို သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေထားပြီး သူ့ရဲ့ပြတ်သားတဲ့ စိတ်ဓါတ်ကို ပြည်သူတွေကလည်း လေးစားနေကြတာပဲ ဖြစ်ပါတယ်။အောင်မြင်နေတဲ့ ပျိုတိုင်းချစ်တဲ့ မင်းသားဘဝကို စွန့်လွတ်ကာ ပြည်သူတွေအတွက် မားမား မတ်မတ် ရပ်တည်ပေးတဲ့ သရုပ်ဆောင်ဟိန်းထက်ရဲ့ စိတ်ဓါတ်ကို လေးစား ဂုဏ်ပြုပါတယ်။ယခုထပ်ပိုပြီးလည်း အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Credit….khit yoe yar

ZAWGYI




Credit….khit yoe yar