ပရိတ်သတ် ကြီးရေ….မော်ဒယ် သန္တာလှိုင် ဟာဆိုရင် အနုပညာ လောကမှာ ပရိသတ်တွေ ရဲ့ တစ်ခဲနက် အားပေး ချစ်ခင်မှုတွေ နဲ့ အတူ အောင်မြင်မှုတွေအခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါ တယ်နော်။ လက်ရှိ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ပြည်သူ တွေ နဲ့ အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်..။လှူဒါန်းမှု တွေကို ဆက်တိုက် ပြုလုပ်ကာ တတ် နိုင် သလောက် အားဖြည့် ပါဝင်နေတဲ့ သူတစ်ယောက် လည်း ဖြစ်ပါ တယ်နော်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ တွေမှာ ပြည်သူ လူထုတဲ့ အတူ အမှန်တရား ဘက်က ရပ်တည်ပေးခဲ့တဲ့ အတွက် သူမ ကို ပုဒ်မ ၅၀၅ (က) နဲ့ တ ရားစွဲဖမ်း ဝရမ်းထုတ်ခြင်း ကိုခံရတာပဲ ဖြစ်ပါတယ်.။လုံခြုံရေး အရ လူကိုယ်တိုင် ရော Online ကနေပါ အဆက်အသွယ် ပြတ်တောက်နေခဲ့ ရတဲ့ သန္တာလှိုင်က ဒီကနေ့မှာတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ တစ်ဆင့် အမှန်တရား ဘက်ကနေ အပြည့်အဝ ရပ်တည်နေ ကြောင်း ပရိတ်သတ် ကို အသိ ပေးလာခဲ့ တာပဲဖြစ်ပါတယ်။

အဲ့ဒါ ကတော့ “လုံခြုံရေး အရ လူကိုယ်တိုင် ရော Online ကနေ ပါ ကျွန်မ အဆက်အသွယ် ဖြတ်ပြီး ရှောင်နေ ရပေမယ့် အမှန်တရား ဖက်မှာ အပြည့်အဝရပ်တည်တဲ့ ပြည်သူ လူသား တစ်ယောက် အနေ နဲ့ လုပ်စရာရှိတဲ့ တာဝန် တွေတော့ မလစ် ဟင်းစေခဲ့ ပါဘူး။ ဒါ့အပြင် အသက်ပေး ခဲ့တဲ့ သူရဲ ကောင်းတွေအကုန်လုံးကို တစ်ရက် မှ မမေ့ ပါဘူး။ သူတို့ ရင်းခဲ့တဲ့ အသက်တွေ ရယ် ကျွန်မ တို့ရဲ့ အနာဂတ် အတွက် အချည်းအနှီး မဖြစ်ရ အောင် သတင်း အမှောင်ကျနေတဲ့ ကျွန်မတို့ တွေ ကိုယ်စား အသံ ပြုပေး နေတဲ့ တစ်ကမ္ဘာလုံး မှာရှိတဲ့ လူမျိုး၊ နိုင်ငံသား နဲ့ ဘာသာဝင် ပေါင်းစုံ ကိုလဲ ကျေးဇူး တင်လို့ မဆုံးပါ ဘူးရှင်။ ကျွန်မ မြန်မာပြည်ထဲက လုံခြုံ မယ်လို့ ယုံကြည်ရတဲ့ တစ်နေ ရာမှာ ရှိနေပေမယ့် internet မရတဲ့ ကျွန်မ ကိုယ်စား သမီးလေးက Australia ကနေ အမေ့ကိုယ် စား အလုပ်လုပ်ပြီး posts တွေ တင်ပြီး အားကိုးလို့ ရနေ ပါပြီနော် “ပြီးပြောကြား လာတာပဲ ဖြစ်ပါတယ်နော်။ပရိတ်သတ် ကြီးကလည်း သန္တလှိုင် တစ်ယောက် အန္တရယ်ကင်း ဘေးရှင်းစေရန် အတွက် ဆုတောင်းပေးကြပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ် တစ်ယောက်ချင်း စီတိုင်းကို လည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Source : Thandar Hlaing ‘s Facebook acc
Credit ; Celebrity Platforms

ZAWGYI



