


Credit; MMLoad

UNICODE

ပရိတ်သတ် ကြီးရေ…ပြည်သူချစ် အနုပညာရှင် တစ်ဦး ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းသားကြီး ဦးဇင်ဝိုင်း ကတော့ လတ်တလော ဖြစ်ပေါ် နေတဲ့ လူထုလှုပ်ရှား မှုမှာ ပြည်သူတွေ နဲ့ အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ် နော်…။နေ့စဉ် နေ့တိုင်း လမ်းပေါ် ထွက်ပြီး ဆန္ဒဖော်ထုတ် ပွဲ တွေမှာ ပါဝင် ခဲ့တာ ကြောင့် လူငယ်များက လည်း ဦးဇင်ဝိုင်း အတုယု လေးစား နေကြတာပဲဖြစ်ပါတယ်။ဒီလို လှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာ ကြောင့် ဦးဇင်ဝိုင်း အား ဒီနေ့ညနေမှာ သူနေ ထိုင်တဲ့ နေအိမ် တွင် ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ ရတာပဲ ဖြစ်ပါတယ်။

အနုပညာရှင် အသိုင်း အဝိုင်း မှ ညီအစ်ကို မောင်နှမ များနဲ့ သူ့ကို အားပေး နေကြတဲ့ ပရိသတ် တွေကလည်း ဦးဇင်ဝိုင်း ဖမ်းဆီး ခံရတဲ့ သတင်းကြောင့် ဝမ်းနည်း နေကြ တာပဲ ဖြစ်ပါတယ်။ မကြာ သေးခင် နာရီ ပိုင်းလောက်က ဦးဇင်ဝိုင်း ရဲ့ မြေးဖြစ်သူ လေပြေသွေး ရဲ့ Instagram Story တွင် အမှန်တရား အတွက် တိုက်ပွဲဝင်နေတဲ့ အဘိုး ဖြစ်သူ ဘေးကင်းစေဖို့ အတွက် ဆုတောင်း နေကြောင်းကို ရေးသား ထားတာ ဖြစ်ပါတယ်။

” အဘိုးကို ဒီနေ့ခေါ်သွားခြင်း ခံရပြီး ဘယ်ကို ခေါ်သွားတယ် ဆိုတာကို လည်းမိသားစုကို ပြောမသွား ကြောင်း ဒီအချိန်မှာ လုပ်နိုင်တာက အဘိုး ကျန်းမာဖို့နဲ ့ဘေးကင်းဖို့ပဲ ဆုတောင်း နိုင်ပါတယ် “” ကြောက်နေတာတွေ တကယ် ဖြစ်လာပါပြီ။ ဒါပေမဲ့လူထုနဲ့ အမှန်တရား အတွက် တိုက်ပွဲဝင် နေတဲ့ အဘိုး ကို အရမ်းဂုဏ်ယူတယ် ဒီပွဲမှာရှုံးတာက အဓိကမဟုတ်ဘူး ပိုပြီး ပြင်းပြင်း ထန်ထန်တိုက် ရမယ်လို့ပဲ မှတ်ယူ မိတယ် အဘိုးကိုချစ်တယ် ပြီးတော့ဘေးကင်းဖို့ ဆုတောင်းနေပါတယ် လူထုအတွက်ရော မိသားစုအတွက်ရော လုပ်ပေးခဲ့တာတွေ အားလုံး အတွက် ကျေးဇူးလည်း တင်ပါတယ်” ဆိုပြီး ရေးသားထားတာ ပဲ ဖြစ်ပြီး ဦးဇင်ဝိုင်းတစ်ယောက် အမြန်ဆုံး လွတ်မြောက်အောင် Speak Out များများ လုပ်ပေး ကြဖို့ တောင်းဆိုလိုက် ပါရစေနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီး ကိုအထူးပဲကျေးဇူးတင်ရှိ ပါတယ် နော်…။

Source and Photo Crd-Lay Pyay Thway’s IG And Htay Lwin’s Facebook Account
Credit; MMLoad