အႏုပညာ ေလာကမွာ ေနရာတစ္ခုကို အခိုင္အမာ ရယူထား နိုင္ခဲ့တဲ့ ေအးသီတာ ကေတာ့ ႐ုပ္ရွင္ ဇာတ္ကားေတြ မ်ားစြာ အျပင္ ဗီဒီယို ဇာတ္ကားေတြ ကို ရိုက္ကူးခဲ့သူ တစ္ေယာက္ ျဖစ္ၿပီး ယေန႔ အခ်ိန္ထိ အႏုပညာ အလုပ္ေတြကို ဆက္လက္ လုပ္ကိုင္လ်က္ရွိေနတာ ျဖစ္ပါတယ္။ အလႉအတန္းေတြ မွာလည္း လက္မေႏွးဘဲ တတ္နိုင္ သေလာက္ ေပးလႉ ေလ့ရွိတဲ့ သူမ ကေတာ့ အျပဳံး ခ်ိဳခ်ိဳ နဲ႔ စကားေျပာဆို တတ္တာေၾကာင့္ ပရိသတ္ေတြ ရဲ့ အားေပး ခ်စ္ခင္မႈကို ရရွိထားတဲ့ အႏုပညာရွင္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။

အမွန္တရား ဘက္ကေန ျပည္သူေတြ နဲ႔ အတူ ရပ္တည္လ်က္ ရွိေနတဲ့ သ႐ုပ္ေဆာင္ ေအးသီတာ ကေတာ့ လူထု လႈပ္ရွားမႈ မွာလည္း တတ္နိုင္ သေလာက္ ပါဝင္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရွိ ျဖစ္ပြားေန တဲ့ အေျခအေန ေတြေၾကာင့္ လက္လုပ္ လက္စား ျပည္သူေတြ ဟာ စားဝတ္ေနေရး အခက္အခဲေတြ ကို ရင္ဆိုင္ေနရ ပါတယ္။ယခုမွာ ေတာ့ ေအးသီတာ တစ္ေယာက္ဟာ ထမင္းဖိုးေလးရ ေအာင္ လမ္းထဲမွာ အမွိုက္လိုက္ သိမ္းေနတဲ့ေကာင္မေလး ကို လႉဒါန္းဖို႔အတြက္ ဆန္သြားဝယ္ ေပးရင္း ၾကဳံခဲ့ရတဲ့ အျဖစ္အပ်က္ေလး ကို ေျပာျပလာခဲ့ပါတယ္။

ေအးသီတာ ကေတာ့ “လမ္းထဲမွာ အမွိုက္လာသိမ္းေန တဲ့ေကာင္မေလး သူ႔နာမည္က ေအးသီတာ တဲ့ ကိုယ္နဲ႔ နာမည္ တူဟိုေန႔က အမွိုက္လာသိမ္းရင္း သူတို႔ကိုလခလည္း မထုတ္ေပးနိုင္ဘူး တဲ့ အိမ္မွာလည္း မေနနိုင္ဘူး ေသရင္ေသပါေစ ထမင္းဖိုးေလးရေအာင္ လမ္းထဲအမွိုက္လိုက္သိမ္းေနတယ္ဆို လို႔ ဒီေန႔လွိုင္ဝတီေက်ာ္မွာ အိမ္အတြက္ဆန္ဝယ္ရင္း သူတို႔အတြက္ ပါဝယ္ခဲ့တာ အဲ့အမက လႉေပးလိုက္တယ္ ဝမ္းသာလိုက္ တာလွိုင္ဝတီေက်ာ္ မိသားစု ဆထက္တန္ဖိုးလႉနိုင္ပါေစ ” ဆိုၿပီး လူမႈကြန္ယက္ စာမ်က္ႏွာထက္ မွာ ေရးသား ထားခဲ့တာပဲျဖစ္ပါတယ္။ လႉဒါန္းဖို႔ အတြက္ ဆန္သြားဝယ္ ေပးရင္း သြားဝယ္တဲ့ ဆန္ဆိုင္ကပါ အမွိုက္လိုက္သိမ္းတဲ့ ေကာင္မေလးအတြက္ ဆန္ေတြ ေပးလႉခဲ့တာပဲ ျဖစ္ပါတယ္ ။သ႐ုပ္ေဆာင္ေအးသီတာရဲ့ အလႉအတန္းေတြ ျပဳလုပ္ေနတဲ့ ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ရပါတယ္။

Source: Aye Thida ‘ s Facebooo Acc

UNICODE

အနုပညာ လောကမှာ နေရာတစ်ခုကို အခိုင်အမာ ရယူထား နိုင်ခဲ့တဲ့ အေးသီတာ ကတော့ ရုပ်ရှင် ဇာတ်ကားတွေ များစွာ အပြင် ဗီဒီယို ဇာတ်ကားတွေ ကို ရိုက်ကူးခဲ့သူ တစ်ယောက် ဖြစ်ပြီး ယနေ့ အချိန်ထိ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်လျက်ရှိနေတာ ဖြစ်ပါတယ်။ အလှူအတန်းတွေ မှာလည်း လက်မနှေးဘဲ တတ်နိုင် သလောက် ပေးလှူ လေ့ရှိတဲ့ သူမ ကတော့ အပြုံး ချိုချို နဲ့ စကားပြောဆို တတ်တာကြောင့် ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

အမှန်တရား ဘက်ကနေ ပြည်သူတွေ နဲ့ အတူ ရပ်တည်လျက် ရှိနေတဲ့ သရုပ်ဆောင် အေးသီတာ ကတော့ လူထု လှုပ်ရှားမှု မှာလည်း တတ်နိုင် သလောက် ပါဝင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပွားနေ တဲ့ အခြေအနေ တွေကြောင့် လက်လုပ် လက်စား ပြည်သူတွေ ဟာ စားဝတ်နေရေး အခက်အခဲတွေ ကို ရင်ဆိုင်နေရ ပါတယ်။ယခုမှာ တော့ အေးသီတာ တစ်ယောက်ဟာ ထမင်းဖိုးလေးရ အောင် လမ်းထဲမှာ အမှိုက်လိုက် သိမ်းနေတဲ့ကောင်မလေး ကို လှူဒါန်းဖို့အတွက် ဆန်သွားဝယ် ပေးရင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေး ကို ပြောပြလာခဲ့ပါတယ်။

အေးသီတာ ကတော့ “လမ်းထဲမှာ အမှိုက်လာသိမ်းနေ တဲ့ကောင်မလေး သူ့နာမည်က အေးသီတာ တဲ့ ကိုယ်နဲ့ နာမည် တူဟိုနေ့က အမှိုက်လာသိမ်းရင်း သူတို့ကိုလခလည်း မထုတ်ပေးနိုင်ဘူး တဲ့ အိမ်မှာလည်း မနေနိုင်ဘူး သေရင်သေပါစေ ထမင်းဖိုးလေးရအောင် လမ်းထဲအမှိုက်လိုက်သိမ်းနေတယ်ဆို လို့ ဒီနေ့လှိုင်ဝတီကျော်မှာ အိမ်အတွက်ဆန်ဝယ်ရင်း သူတို့အတွက် ပါဝယ်ခဲ့တာ အဲ့အမက လှူပေးလိုက်တယ် ဝမ်းသာလိုက် တာလှိုင်ဝတီကျော် မိသားစု ဆထက်တန်ဖိုးလှူနိုင်ပါစေ ” ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက် မှာ ရေးသား ထားခဲ့တာပဲဖြစ်ပါတယ်။ လှူဒါန်းဖို့ အတွက် ဆန်သွားဝယ် ပေးရင်း သွားဝယ်တဲ့ ဆန်ဆိုင်ကပါ အမှိုက်လိုက်သိမ်းတဲ့ ကောင်မလေးအတွက် ဆန်တွေ ပေးလှူခဲ့တာပဲ ဖြစ်ပါတယ် ။သရုပ်ဆောင်အေးသီတာရဲ့ အလှူအတန်းတွေ ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

Source: Aye Thida ‘ s Facebooo Acc