ပရိသတ်ကြီးရေ သရုပ်ဆောင်ပိုင်ဖြိုးသု ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေ နဲ့ အတူအမှန်တရားဘက်ကတစ်သားတည်းရဲရဲဝံ့ဝံ့ ပါဝင်ခဲ့ပြီးလမ်းပေါ်ထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရော် ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ ကဖြင့်မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကိုရှောင်တိမ်းနေရတာဟာယနေ့ထက်ထိပဲဖြစ်ပါတယ်နော်။

​ရှောင်တိမ်းနေစဉ် အတောအတွင်းမှာဆိုရင်လဲ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ မိခင်ကသူမကို လွမ်းတဲ့အကြောင်းလေးကိုမကြာခဏဆိုသလိုသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြလေ့ပဲရှိပါသေးတယ်။အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်ပိုင်ဖြိုးသုရဲ့မိခင်ကသမီးလေးကိုအရင်လိုမြင်ချင်လှပါပြီဆိုပြီး၀မ်းနည်းစွာရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်။

သမီးရေ ဒီလိုလေးတွေ မြင်ချင်လှပါပြီ ဆိုပြီးတော့သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ပုံနှင့်တကွရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ချစ်ရတဲ့သားအမီတွေအမြန်ဆုံးပြန်ဆုံနိုင်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Credit……

ZAWGYI




Credit……