မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်း တောက်အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံ မှာသာမကဘဲ ထိုင်းနိုင်ငံ မှာ ပါရေပန်းစားတဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်။ သူဟာ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပြီးတော့ တိရစ္ဆာန်လေးကိုလည်း အရမ်းချစ်တတ် သူလဲ ဖြစ်ပါတယ်။တိရစ္ဆာန်လေးတွေ ကို သားနဲ့သမီးလို ကြင်ကြင် နာနာနဲ့ ဂရုတစိုက် စောင့်ရှောက်တဲ့ အပြင် မေတ္တာဓာတ်အပြည့်နဲ့ ကျွေးမွေးစောင့်ရှောက်နေ တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာ လည်း သူရဲ့ကြောင်လေး က နေမကောင်းဖြစ်နေ တာကြောင့် ပိုင်တံခွန် က အတတ်နိုင်ဆုံး ကုသပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြောင်လေးရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့ ဘဲ လက်လွတ်လိုက်ရပြီပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ သူအရမ်းချစ်ရတဲ့ ကြောင်လေး ဆုံးသွားတာမို့ စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းလေးကို ” ဒီတလလုံး ဒီကလေး အရမ်း နေမကောင်းဖြစ်နေလို့ ဆေးရုံလည်း ခဏခဏ တင်ခဲ့တယ် ကြားထဲ အစာတွေလည်း ပြန်စား ခွေးလေးနဲ့လည်း ပြန်လည်းဆော့ လာနိုင်တော့ အရမ်းလည်း ဝမ်းသာခဲ့ရတယ်

မနေ့က လည်း အရမ်းနေမကောင်းပြန် ဖြစ်လို့ ပိုင်ရှင်အကိုတွေ ကိုယ်တိုင် ဆေးခန်းပို့ပေးပြီး ဆေးကုသပေးတယ် ညကလည်း တောက်လျောက် တခုခုဖြစ်မှာစိုးလို့ စောင့်ကြည့်နေတာ မနက်နိုးတော့လည်း အိပ်နေတယ် လို့ပဲ ထင်ခဲ့တာ ထွက်ခွါချိန် စောလွန်းတယ် ကလေးရယ် …” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။မင်မင်တို့ ကိုပိုင်တံခွန် ကို ဝိုင်းပြီးနှစ်သိမ့် စကားလေးတွေ ပြောပေး ခဲ့ ကြအုံးနော်….။

Credit…MM Load

ZAWGYI




Credit…MM Load