ပရိသတ်ကြီးရေ နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူကို ပူပူနွေးနွေးဆုံးရှုံးထားရပြီး သူမကိုယ်တိုင်လည်း ကိုဗစ် ကူးစက်ရောဂါကို ခံစားထားရတာဖြစ်ပါတယ်။နန်းမြတ်ရဲ့ ဆုံးရှုံးမှုကို ပရိသတ်တွေကလည်း ကိုယ်ချင်းစာနာကြရင်း ထပ်တူဝမ်းနည်းနေကြတာဖြစ်ပါတယ်။နန်းမြတ်တို့ ဇနီးမောင်နှံက ရှေ့သွားနောက်လိုက်အရမ်းညီပြီး တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတာဖြစ်ပါတယ်။

သူမတို့ရဲ့အိမ်ထောင်သက်တမ်းက (၄) နှစ်ရှိပြီး သားတစ်ယောက် ၊ သမီးတစ်ယောက် ထွန်းကားထားတာဖြစ်ပါတယ်။နန်းမြတ်က ချစ်ခင်ပွန်း ရဲ့နောက်ဆုံးအချိန်မှာလည်း စိတ်ဖြောင့်ဖြောင့် နဲ့သွားနိုင်အောင် သူမ ကိုယ်တိုင်တည်တည်ငြိမ်ငြိမ် နေပေးခဲ့တာဖြစ်ပါတယ်။သူမကတော့ သားလေးနဲ့သမီးလေးရဲ့ လက်ကိုဆွဲပြီး ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်အတွက် အကောင်းဆုံး ရှင်သန်သွားဦးမှာဖြစ်ပါတယ်။သူမနဲ့ရင်းနှီးချစ်ခင်တဲ့ အနုပညာရှင်တွေကလည်း သူမတို့သားအမိတွေကို လိုက်စောင့်ရှောက် ပေးမှာဆိုပြီး အားပေးစကား တွေပြောထားကြတာဖြစ်ပါတယ်။

နန်းမြတ် ရဲ့ ခင်ပွန်းရှိစဉ်အချိန်တုန်းကဆိုရင် မိသားစုတွေ ချစ်ချစ် ခင်ခင်နဲ့နေထိုင်ကြတာဖြစ်ပါတယ်။ကိုတာတာမျိုး ကလည်း သားလေး နဲ့ ဇနီးကို အရမ်းချစ်ပြီး Jack Jack လေးနဲ့လည်း အတူတူဆော့ ကစားပေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ နန်းမြတ်က သားအဖနှစ်ယောက် အရမ်းချစ်နေကြတဲ့ပုံလေးတွေကို နောက်ထပ်မတွေ့ရနိုင်တော့တာကြောင့် ဝမ်းနည်းခံစားနေရတဲ့အကြောင်းလေးကို စိတ်မကောင်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd-original

ZAWGYI




crd-original