



unicode

ချစ်ပရိသတ်ကြီး ရေ နှုတ်ခမ်းနီမလေး တွေ အသဲစွဲ ဆယ်ကျော်သက် လူငယ်တွေကြား ရေပန်းစား လူကြိုက်များနေတဲ့ အဆိုတော် နေဝင်း ကို ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူဟာ သီချင်းများကို ကိုယ်တိုင် ရေးသားဖန်တီးပြီး အမိုက်စား သီဆို ဖျော်ဖြေကာ ထိမိတဲ့စာသားတွေကြောင့် အချိန်ခဏလေးတွင်းမှာတင် အောင်မြင်မှုရရှိလာတာပဲဖြစ်ပါတယ်။

သီချင်းများကို သီဆိုဖျော်ဖြေရာ တွင်လည်း ဖက်ရှင်ဒီဇိုင်း မိုက်မိုက်ဖြင့်သီဆိုဖျော်ဖြေ တတ်သူလည်းဖြစ်ပါတယ်။ဒါ့အပြင် သာယာတဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ နေဝင်းတို့ စုံတွဲဟာ နှစ်တွေအကြာကြီးတွဲ ခဲ့ပြီး ဆယ်နှစ်အကြာမှာ လက်ထက် ခဲ့ကြတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို ချစ်ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို အတူတူ ဖန်တီးတည်ဆောက်ထားကြတာလည်း ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ရဲ့ ကြည်နူးစရာပုံလေးတွေ ဗီဒီယိုလေး တွေကိုလည်း ပရိသတ်တွေကအမြဲစောင့်ကြည့်အားပေးနေတာ လည်းဖြစ်ပါတယ်။လတ်တလောမှာလည်း အရမ်းလှတဲ့ နေကြာပန်းလေးတွေ အပြည့်စိုက်ထားတဲ့ လမ်းမကြီးမှာ ရိုမန့်တစ် ဆန်ဆန်လေးရိုက်ထားတဲ့ ပုံလေးတွေ ကိုဖော်ပြထားရာ ကြည့်ပြီး အားကျစရာကောင်းလွန်းတာ ကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။

Source & Photo Credit : Travel Kueen Facebook Page