



unicode

ပရိသတ်ကြီးရေ…..အချိန်တို အတွင်းမှာ ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ကို အပြည့်အဝရယူနိုင်ခဲ့ပြီး beauty bloggerတစ်ယောက်အနေနဲ့ကနေ ရုပ်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ရပ်တည်လာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ ချီချီဟာ ဇာတ်လမ်း တွဲတွေအပြင် ရုပ်ရှင်ကားကြီးတွေကိုပါ လက်ခံ‌ရိုက်ကူးနေတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ သူမ ရဲ့ ပွင့်လင်းတဲ့အပြောအဆို လေးတွေကြောင့်လည်း ပရိသတ်အချစ်ကိုရရှိနေတာပါ။

ချီချီဟာ ရုပ်ရှင်ကားတွေ ဇာတ်လမ်း တွဲတွေနဲ့ ကြော်ငြာတွေအပြင် အခုဆိုရင်လည်း Live salesရောင်းချမှုတွေပါ ပြုလုပ်နေတာဖြစ်ပြီး အပြောအဆိုချိုသာမှုလေးတွေကြောင့် အောင်မြင်မှုတွေလည်း ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။ အခုဆိုရင်လည်းနေခြည်ဟာ ပြင်ဦးလွင်မှာဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက်ရောက်ရှိနေတာလည်းဖြစ်ပြီး မင်းသားချေ ာမြင့်မြတ်နဲ့အတူ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်နော်….။

နေခြည်ဟာ ချစ်ပန်းဝါဝါဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပြီး ရှုတင်မှာအကောင်းဆုံးကြိုးစားနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း ချီချီဟာ သူမရဲ့Facebook my dayလေးမှာ အရမ်းအေးနေတဲ့ရာသီဥတု ကိုအံတုရင်း ရှုတင်နားတုန်းလေးမှ ာအချဉ်ပေါင်းစားနေတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Chi Oo’s Facebook acc