



UNICODE

မော်ဒယ်လ် အောန်ဆိုင်း ကတော့ ချစ်စရာ ကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အနုပညာ လောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ကာ အောင်မြင်တဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယနေ့ အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာ ရယူထားနိုင်ခဲ့ပြီး အနုပညာ အလုပ်တွေကို လုပ်ကိုင် လျက်ရှိနေတဲ့ သူမကတော့ ကြော်ငြာ တွေကိုလည်း ရိုက်ကူးလျက် ရှိနေသူတစ်ယောက်ဖြစ်ပြီး ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

အချိုးအစား ပြေပြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ အမိုက်စား ကောက်ကြောင်းအလှကို ပိုင်ဆိုင် ထားနိုင်ခဲ့တဲ့ သူမကတော့ အမိုက်စား ပုံရိပ်လေးတွေကို လူမှု ကွန်ယက်စာမျက်နှာ ထက်တင်ပေးလေ့ရှိတဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ မိန်းကလေး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရော ယောကျာ်းလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ကိုပါ အခိုင်အမာ ရယူထားနိုင်ခဲ့ပါတယ်။ သူမ တို့ချစ်သူစုံတွဲကတော့ ယခုမှာ နေနဲ့လလို လိုက်ဖက်ညီနေကြပြီး အမိုက်စားဖက်ရှင်လေးတွေနဲ့ ရိုဆန် နေကြကာ ကြည်နူးစရာကောင်းလွန်းနေခဲ့ပါတယ်။

သူမကတော့ “ဓာတ်ပုံ သိပ်မရိုက်ချင်သော ကျွန်မချစ်သူ… ပုံတွေကြည့်ရင်သိသာတယ်..You are my comfort zone “ဆိုပြီး ​ကြွေလောက်စရာ ကောင်းလွန်းတဲ့ အမိုက်စား ပုံရိပ်လေးတွေနဲ့ အတူ လူမှုကွန်ယက် စာမျက်နှာထက်မှာလရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မော်ဒယ်လ် အောန်ဆိုင်းတို့ချစ်သူစုံတွဲလေးရဲ့ လိုက်ဖက် ညီလွန်းပြီးအထာကျကျလန်းနေကြတဲ့ အလန်းစား ပုံရိပ်လေးတွေကိုပြန်လည် ဖော်ပြပေးကာ အဆိုပါ ပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Awn seng – elizabeth ‘ s Facebook Page