နိုင္ငံေက်ာ္ ဇာတ္ပို႔ သ႐ုပ္ေဆာင္ K ညီ ကေတာ့ ပရိသတ္ေတြ ရင္ထဲ ႏွစ္အေတာ္ၾကာေနရာ ယူထားနိုင္သူတစ္ေယာက္ ျဖစ္ပါတယ္။ K ညီ ကေတာ့ အကယ္ဒမီဆုႀကီးနဲ႔ လြဲေခ်ာ္ေနဆဲ ျဖစ္ေပမယ့္ ႐ုပ္ရွင္ နဲ႔ ဗီဒီယိုဇာတ္ကားေတြ မွာ မပါဝင္ရဘူးဆိုတာ မရွိသေလာက္ နည္းပါးသူ ျဖစ္ပါတယ္။ K ညီ ကလည္း သူ႔ကို အားေပးၾကတဲ့ ပရိသတ္ေတြ စိတ္ပ်က္ သြားျခင္း မရွိရေအာင္ တစ္ေန႔ထက္ တစ္ေန႔ အႏုပညာအလုပ္ေတြကို ႀကိဳးႀကိဳးစားစား လုပ္ကိုင္ေနလ်က္ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ေပမယ့္ သာမာန္ လူတစ္ေယာက္လို လႈပ္ရွားသြားလာ တတ္တဲ့ K ညီ က အေပါင္းအသင္း မိတ္ေဆြေတြ ကိုလည္း ခင္မင္ရင္းႏွီးသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီတစ္ေခါက္ မွာလည္း K ညီ က သူ႔ရဲ့ သူငယ္ခ်င္း ျမင့္ျမတ္ နဲ႔ အတူတူ စီနီယာအစ္ကိုႀကီး ျဖစ္တဲ့ မင္းသား ရာဇာေနဝင္းတို႔နဲ႔အတူတူ ကားတစ္စီးတည္းစီးၿပီး အလုပ္ကိစၥ တစ္ခုေၾကာင့္ အျပင္ထြက္ျဖစ္ခဲ့ၾကတဲ့ အေၾကာင္းကို သူ႔ရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ အမွတ္တရေလး မၽွေဝေပးလာခဲ့တာ ေတြ႕ရပါတယ္။

K ညီကေတာ့ သူခင္မင္ ခ်စ္ရတဲ့ အႏုပညာ ညီအစ္ကိုေမာင္ႏွမ ေတြနဲ႔ဆုံတုန္း အမွတ္တရေလးတစ္ခု ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း K ညီ၊ ျမင့္ျမတ္ နဲ႔ ရာဇာေနဝင္း တို႔ကို တစ္ေနရာတည္းမွာ ေတြ႕ရလို႔ သေဘာက်ေက်နပ္ ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: K Nyi’s fb
Bilie – Cele Connections

UNICODE

နိုင်ငံကျော် ဇာတ်ပို့ သရုပ်ဆောင် K ညီ ကတော့ ပရိသတ်တွေ ရင်ထဲ နှစ်အတော်ကြာနေရာ ယူထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ K ညီ ကတော့ အကယ်ဒမီဆုကြီးနဲ့ လွဲချော်နေဆဲ ဖြစ်ပေမယ့် ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကားတွေ မှာ မပါဝင်ရဘူးဆိုတာ မရှိသလောက် နည်းပါးသူ ဖြစ်ပါတယ်။ K ညီ ကလည်း သူ့ကို အားပေးကြတဲ့ ပရိသတ်တွေ စိတ်ပျက် သွားခြင်း မရှိရအောင် တစ်နေ့ထက် တစ်နေ့ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစား လုပ်ကိုင်နေလျက်ရှိသူတစ်ယောက် ဖြစ်ပါတယ်။

သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် သာမာန် လူတစ်ယောက်လို လှုပ်ရှားသွားလာ တတ်တဲ့ K ညီ က အပေါင်းအသင်း မိတ်ဆွေတွေ ကိုလည်း ခင်မင်ရင်းနှီးသူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာလည်း K ညီ က သူ့ရဲ့ သူငယ်ချင်း မြင့်မြတ် နဲ့ အတူတူ စီနီယာအစ်ကိုကြီး ဖြစ်တဲ့ မင်းသား ရာဇာနေဝင်းတို့နဲ့အတူတူ ကားတစ်စီးတည်းစီးပြီး အလုပ်ကိစ္စ တစ်ခုကြောင့် အပြင်ထွက်ဖြစ်ခဲ့ကြတဲ့ အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အမှတ်တရလေး မျှဝေပေးလာခဲ့တာ တွေ့ရပါတယ်။

K ညီကတော့ သူခင်မင် ချစ်ရတဲ့ အနုပညာ ညီအစ်ကိုမောင်နှမ တွေနဲ့ဆုံတုန်း အမှတ်တရလေးတစ်ခု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း K ညီ၊ မြင့်မြတ် နဲ့ ရာဇာနေဝင်း တို့ကို တစ်နေရာတည်းမှာ တွေ့ရလို့ သဘောကျကျေနပ် ကြမယ် ထင်ပါတယ်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: K Nyi’s fb
Bilie – Cele Connections