
{“uid”:”5C29B075-1566-49A4-8AC4-44499F86CCFE_1612009937471″,”source”:”other”,”origin”:”unknown”}



Yuan – Cele Zone

Photo – Htet Htet Moe Oo

unicode

ထက်ထက်မိုးဦး ကတော့ အကယ်ဒမီဆုတွေအများကြီးကို သိမ်းပိုက်ခဲ့ပြီး တစ်ခေတ်မှာ ကြော်ငြာဘုရင်မ လို့ တင်စားခေါ်ဝေါ်ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ထပ်ထက်က ရုပ်ရှင်ဇာတ်ကောင်းပေါင်းများစွာမှာ နေရာယူခဲ့ပြီး သူမရဲ့သရုပ်ဆောင်ချက် အိုင်တင်တွေက ထိမိပိုင်နိုင်လို့ ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံလာကြတာ ယနေ့ခေတ်အထိပါပဲနော်။

ဒါ့အပြင် ထက်ထက်မိုးဦး က ယနေ့အချိန်ထိလည်း ရှိရင်းစွဲ အသက်ထက် ငယ်ရွယ်နုပျိုပြီး ဆယ်ကျော်သက်တွေလို လှရက်နေတုန်းပဲဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အခုနောက်ပိုင်းမှာ အနုပညာအလုပ်လေးတွေကိုလည်း ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပြီး မပြောင်းလဲတဲ့အလှတရားတွေနဲ့ အရွယ်တင်နေဆဲ ဖြစ်ပါတယ်။

လတ်တလော မှာတော့ ကျောက်မျက်ရတနာ ကားတွေနဲ့ အိမ်ယာတွေကိုပါ Live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ အလုပ်တွေနားတုန်း ဘုန်းဘုန်းဆီကို ကိုယ်တိုင်သွားရောက်ကာ ကောင်းမှုကုသိုလ်များ စွာ သွားလုပ်ဖြစ်ခဲ့ကြောင်းကို ပုံလေးနဲ့တကွ “အလုပ်တွေပြီးတော့ ဘုန်းဘုန်းဆီ အလှူသွားလုပ် ကုသိုလ်ယူ ချစ်ရသူတွေအားလုံးလည်း ထပ်တူရကြပါစေ။” ဆိုတဲ့ စာလေးကို ရေးသားဝေမျှခဲ့ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Htet Htet Moe Oo