သရုပ်ဆောင် နေထူးနိုင် ကတော့ အက်ရှင်ဇာတ်ကားတွေ နဲ့ သည်းထိတ်ရင်ဖို သဘာဝလွန် ဇာတ်ကားတွေရိုက်ကူးရင်း နယ်ပရိသတ်တွေ ရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဇန်နဝါရီလ (၁) ရက်နေ့ကတော့ နေထူးနိုင် ရဲ့ မွေးနေ့လေးဖြစ်ပြီး ကျရောက်မယ့်မွေးနေ့မှာ လူငယ်တွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမယ့် အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“2022January 1 st နေ့မှာကျရောက်တဲ့ ကျွန်တော့် မွေးနေ့အတွက် ယခုကာလမှာ ကြီးကျယ်ခမ်းနားစွာနဲ့ မလှူနိုင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လူငယ်တွေအတွက် အလုပ်အကိုင်လေးတစ်ခု ဖန်တီးပေးပါရစေ။ အစားကျွေးလိုက်ခြင်းဟာ တစ်နပ်စာ အလှူဖြစ်တယ်။ ငွေကြေးပေးလိုက်ခြင်းဟာ တစ်ရက်စာအလှူ(သို့မဟုတ်) အတိုင်းအတာတစ်ခု အထိအကူအညီရနိုင်ပါတယ်။ ပညာရော အလုပ်အကိုင်ပါ ပေးလိုက်ခြင်းကတော့ တစ်ဘဝစာ အလှူလို့ ကျွန်တော်ခံယူထားပါတယ်။”“Action ဗီဒီယို နဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့(လက်ရှိ နားထားရ) ကျွန်တော့်ဘက်ကပေးနိုင်တာက ကျွန်တော်နဲ့ ကျွန်တော့် Crew တတ်မြောက်ထားတဲ့ မဖြစ် စလောက်သော Stunt အတတ်ပညာများနဲ့ Action ဇာတ်ကားများရိုက်ကူးရာမှာ တတ်မြောက်ရတဲ့ အတတ်ပညာများဖြစ်ပါတယ်။ ပညာရပ်ဆိုသည်မှာ ဘယ်တော့မှအဆုံးမရှိဘူးဆိုတာ မှန်ပေမယ့် ကျွန်တော့်ဘက်ကတော့ Stuntman အတတ်ပညာများကို ၃ လ အခမဲ့ သင်ကြားပေးမှာဖြစ်ပြီး ၄ လမြောက် လ ကစလို့ မများလွန်းသော အခြေခံ လစာငွေကြေးကို

စတင်ပေးအပ်ဖို့ စိတ်ကူးထားပါတယ်။ Stuntman များကို လစာပေးတဲ့ စနစ်ကို မြန်မာနိုင်ငံမှာ ကျွန်တော်စတင်ပြီးအကောင်အထည် ဖေါ်ခြင်းဖြစ်လို့ ကျွန်တော့်အတွက်လဲ ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေ အများကြီးရှိနေမှာကိုလဲ ကျွန်တော်ကြိုပြီး သိပါတယ်။ Stuntman အလုပ်ကို ဝါသနာပါကြတဲ့ ညီငယ်များအတွက်တော့ ကျွန်တော့် အလုပ်ကို ယခုလိုအလုပ်အကိုင်ရှားပါးနေချိန်မှာ ရေထဲက ကောက်ရိုးတစ်မျှင်လို့ ယူဆချင်လဲ ရပါတယ်။” ဆိုပြီး ပြောလာပါတယ်။နေထူးနိုင်ကတော့ သူ့ရဲ့မွေးနေ့အမှတ်တရအဖြစ် အလုပ်အကိုင်ရှားပါးတဲ့အချိန်မှာ လူငယ်လေးတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးခဲ့တာ တကယ်ကောင်းတဲ့ စိတ်ကူးလေးတစ်ခုပါပဲ။

Source: Nay Htoo Naing

ZAWGYI

သ႐ုပ္ေဆာင္ ေနထူးနိုင္ ကေတာ့ အက္ရွင္ဇာတ္ကားေတြ နဲ႔ သည္းထိတ္ရင္ဖို သဘာဝလြန္ ဇာတ္ကားေတြရိုက္ကူးရင္း နယ္ပရိသတ္ေတြ ရဲ့ အားေပးမႈကို အခိုင္အမာရရွိခဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ ဇန္နဝါရီလ (၁) ရက္ေန႔ကေတာ့ ေနထူးနိုင္ ရဲ့ ေမြးေန႔ေလးျဖစ္ၿပီး က်ေရာက္မယ့္ေမြးေန႔မွာ လူငယ္ေတြအတြက္အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးမယ့္ အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“2022January 1 st ေန႔မွာက်ေရာက္တဲ့ ကၽြန္ေတာ့္ ေမြးေန႔အတြက္ ယခုကာလမွာ ႀကီးက်ယ္ခမ္းနားစြာနဲ႔ မလႉနိုင္ေပမယ့္ ကိုယ္တတ္နိုင္တဲ့ဘက္ကေန လူငယ္ေတြအတြက္ အလုပ္အကိုင္ေလးတစ္ခု ဖန္တီးေပးပါရေစ။ အစားေကၽြးလိုက္ျခင္းဟာ တစ္နပ္စာ အလႉျဖစ္တယ္။ ေငြေၾကးေပးလိုက္ျခင္းဟာ တစ္ရက္စာအလႉ(သို႔မဟုတ္) အတိုင္းအတာတစ္ခု အထိအကူအညီရနိုင္ပါတယ္။ ပညာေရာ အလုပ္အကိုင္ပါ ေပးလိုက္ျခင္းကေတာ့ တစ္ဘဝစာ အလႉလို႔ ကၽြန္ေတာ္ခံယူထားပါတယ္။”“Action ဗီဒီယို နဲ႔ ဇာတ္လမ္းတြဲေတြ ရိုက္ကူးေနတဲ့(လက္ရွိ နားထားရ) ကၽြန္ေတာ့္ဘက္ကေပးနိုင္တာက ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္ Crew တတ္ေျမာက္ထားတဲ့ မျဖစ္ စေလာက္ေသာ Stunt အတတ္ပညာမ်ားနဲ႔ Action ဇာတ္ကားမ်ားရိုက္ကူးရာမွာ တတ္ေျမာက္ရတဲ့ အတတ္ပညာမ်ားျဖစ္ပါတယ္။ ပညာရပ္ဆိုသည္မွာ ဘယ္ေတာ့မွအဆုံးမရွိဘူးဆိုတာ မွန္ေပမယ့္ ကၽြန္ေတာ့္ဘက္ကေတာ့ Stuntman အတတ္ပညာမ်ားကို ၃ လ အခမဲ့ သင္ၾကားေပးမွာျဖစ္ၿပီး ၄ လေျမာက္ လ ကစလို႔ မမ်ားလြန္းေသာ အေျခခံ လစာေငြေၾကးကို

စတင္ေပးအပ္ဖို႔ စိတ္ကူးထားပါတယ္။ Stuntman မ်ားကို လစာေပးတဲ့ စနစ္ကို ျမန္မာနိုင္ငံမွာ ကၽြန္ေတာ္စတင္ၿပီးအေကာင္အထည္ ေဖၚျခင္းျဖစ္လို႔ ကၽြန္ေတာ့္အတြက္လဲ ေရွ႕မွာရင္ဆိုင္ရမယ့္ အခက္အခဲေတြ အမ်ားႀကီးရွိေနမွာကိုလဲ ကၽြန္ေတာ္ႀကိဳၿပီး သိပါတယ္။ Stuntman အလုပ္ကို ဝါသနာပါၾကတဲ့ ညီငယ္မ်ားအတြက္ေတာ့ ကၽြန္ေတာ့္ အလုပ္ကို ယခုလိုအလုပ္အကိုင္ရွားပါးေနခ်ိန္မွာ ေရထဲက ေကာက္ရိုးတစ္မၽွင္လို႔ ယူဆခ်င္လဲ ရပါတယ္။” ဆိုၿပီး ေျပာလာပါတယ္။ေနထူးနိုင္ကေတာ့ သူ႔ရဲ့ေမြးေန႔အမွတ္တရအျဖစ္ အလုပ္အကိုင္ရွားပါးတဲ့အခ်ိန္မွာ လူငယ္ေလးေတြ အတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြဖန္တီးေပးခဲ့တာ တကယ္ေကာင္းတဲ့ စိတ္ကူးေလးတစ္ခုပါပဲ။

Source: Nay Htoo Naing