ပရိတ်သတ် ကြီးရေ….ဂီတ လောကမှာ တေးသီချင်းကောင်းတွေ ကို ချိုမြ ထိရှလွန်းတဲ့ အသံလေး နဲ့ ပရိတ်သတ်တွေကို ဆွဲဆောင် နိုင်လွန်းတဲ့ တေးသံရှင်ကတော့ အဆိုတော် ရိန်မိုး ပဲဖြစ်ပါတယ်နော်။ရိန်မိုးက”ကောင်းကင်က အချစ်ငှက်၊ သူလေး” စတဲ့ သီချင်းကောင်းတွေ ကို သီဆိုခဲ့ပြီး ပရိတ်သတ် ချစ်ခင်အားပေးမှု့ တွေကို အပြည့်အဝ ရရှိခဲ့ တာထား ကာ အောင်မြင်တဲ့ ဂီတလမ်းကြောင်းကို ယနေ့ထိ လျှောက်လှမ်း လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီက နေ့မှာ တော့ ဂီတကို ရူးသွပ် လွန်းတဲ့ အဆိုတော် ရိန်မိုး က ဂီတ လောကထဲ ကနေ လုံးဝ အပြီးအပိုင် နှုတ်ဆက်လိုက်ကြောင်း ကြေညာ လိုက်တာပဲ ဖြစ်ပါတယ်နော်။ရိန်မိုး က”ဘဝမှာ ကျတော် ဘယ်တော့ မှ မစွန့်လွတ်ဘူး ဘယ်တော့ မှ နောက်မဆုတ်ဘူးလို့ ဘဝ နဲ့ ရင်းလို့ ချော်လဲ လို့ ပြုတ်ကျလို့ ဒါဏ်ရာတွေအများကြီးနဲ့ရှိနေခဲ့အချိန်များတောင် ကျတော်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး သို့ပေမယ့်လည်း ကနေ့ အခြေအနေ အချိန်ခါတစ်ခုမှာ စွန့်လွတ်လိုက်ရပါပီ

😪အမှန်က ကျတော့ကိုချစ်သော ကျတော်ကချစ်သော အမျိုးများအတွက် (2021) ဒီနှစ်ထဲမှာ ကျတော့ ရဲ့ ကြီးကျယ် ခန်းနားတဲ့ One man show live တစ်ခုကို နုတ်ဆက်ပွဲ နဲ့ အတူ ကျင်းပဖို့ ရည်ရွယ်ခဲ့ ပေမယ့်လည်း ခုတော့ မဖြစ်နိုင်တော့လို့24/6/2021 ဒီနေ့ ဒီရက် ဒီအချိန်ကနေပီး ကျတော် ရိန်မိုး သည် ဂီတလောကထဲ ကနေပီး လုံးဝ အပီးအပိုင် နုတ်ဆက် လိုက်ပါကြောင်း ကို ကျတော့ ရဲ့ ချစ်တဲ့ ပရိတ်သတ် များ အမျိုးများ မိတ်ဆွေများ အပေါင်းသင်းများ အားလုံးကို အပီးတိုင် နုတ်ဆက် လိုက်ပါတယ် ခင်ဗျား🙏🙏🙏ကျတော်သေသည့် တိုင်အောင် ဂီတက ကျတော့ နှလုံးသားထဲမှာ “ထာဝ ရ သေဆုံးမသွားဘူး “ထာဝရ ကျတော့အပေါ် သစ္စာရှိတဲ့ ဂီတကို ကျတော် သစ္စာ ဖောက်လိုက်ပါပြီး ခွင့်လွတ်ပါ ကျတော် ချစ်သော” ဂီတ”❤️❤️❤️” ဆိုပြီး ပရိတ်သတ်ကိုအသိပေး နှုတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ် ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်နော်။

Source; စွယ်စုံသတင်းစုံ
Credit ; Celebrity Platforms

ZAWGYI



