အဆိုေတာ္ ခ်မ္းခ်မ္း ကေတာ့ ထူးျခားေလး နက္ၿပီး ဆြဲေဆာင္ အားေကာင္းတဲ့အသံပိုင္ရွင္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဂီတေလာက မွာ ႏွစ္ေပါင္းအေတာ္ၾကာေအာင္ျမင္လာနိုင္ခဲ့တဲ့ ခ်မ္းခ်မ္း က အိမ္ေထာင္ရွင္ မိခင္တစ္ေယာက္လည္းျဖစ္ၿပီး ပရိသတ္ေတြ အတြက္လည္း အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ရသလို မိသားစု အတြက္လည္း တာဝန္ေက်ပြန္တဲ့ မိခင္ ေကာင္းတစ္ေယာက္ အျဖစ္ တာဝန္အျပည့္ယူထားသူတစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိ မွာေတာ့ ခ်မ္းခ်မ္းက သမီးႀကီး ျမမိုးဂဂၤါ နဲ႔ အတူတူ ဗိုက္ထဲက သမီးငယ္ေလး ျမမိုးဟသၤာကို ဂ႐ုစိုက္ေစာင့္ေရွာက္ ေနတာပဲ ျဖစ္ပါတယ္။

ဗိုက္ထဲက သမီးငယ္ ကိုလည္း ဂ႐ုစိုက္ေစာင့္ေရွာက္ေန သလို ျမမိုးဂဂၤါ ေလးအတြက္လည္း လိုအပ္တာ မွန္သမၽွျဖည့္ဆည္းေပး ေနတဲ့ ခ်မ္းခ်မ္း က ဒီတစ္ေခါက္မွာေတာ့ ဂဂၤါေလး အတြက္ ႏွစ္သစ္ လက္ေဆာင္အျဖစ္ ကိုယ္ပိုင္ အခန္းေလး တစ္ခန္း လက္ေဆာင္ေပးခဲ့ပါတယ္။ ခ်မ္းခ်မ္းက ” ေနာက္ဆုံးေတာ့ ႏွစ္သစ္မွာ သူမရဲ့ကိုယ္ပိုင္ အခန္းေလးကို ရရွိသြားခဲ့ၿပီ။ ပန္းေရာင္ ေကာေဇာ္ နဲ႔ ခ်စ္စရာေကာင္းတဲ့ အိပ္ယာေလး ကိုေတာ့ ထပ္ထည့္ ေပးဖို႔ က်န္ေနေသးတယ္။ ေမေမသမီးကို အရမ္းခ်စ္တယ္ ပန္းေရာင္ မင္းသမီးေလးေရ.. ” ဆိုၿပီး သူမ ရဲ့ သမီးေလး အတြက္ ျဖည့္ဆည္း ေပးခဲ့တာ ကို မၽွေဝ ေပးလာပါတယ္။

ခ်မ္းခ်မ္း ကေတာ့ သမီးေလး ျမမိုးဂဂၤါ အႀကိဳက္ တစ္ခန္းလုံး ကို ပန္းေရာင္ေလး ေတြ လႊမ္းျခဳံဖို႔ အစစအရာရာ ျပင္ဆင္ ေပးေနတာပဲ ျဖစ္ပါတယ္။ ဂဂၤါေလးလည္း ေမေမ့ရဲ့ ႏွစ္သစ္ လက္ေဆာင္ကို ႀကိဳက္ႏွစ္သက္ မွာ အေသအခ်ာ ပါပဲေနာ္။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္။

Source: Chan Nyein’s fb
Bilie – Cele Connection

UNICODE

အဆိုတော် ချမ်းချမ်း ကတော့ ထူးခြားလေး နက်ပြီး ဆွဲဆောင် အားကောင်းတဲ့အသံပိုင်ရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂီတလောက မှာ နှစ်ပေါင်းအတော်ကြာအောင်မြင်လာနိုင်ခဲ့တဲ့ ချမ်းချမ်း က အိမ်ထောင်ရှင် မိခင်တစ်ယောက်လည်းဖြစ်ပြီး ပရိသတ်တွေ အတွက်လည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရသလို မိသားစု အတွက်လည်း တာဝန်ကျေပွန်တဲ့ မိခင် ကောင်းတစ်ယောက် အဖြစ် တာဝန်အပြည့်ယူထားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ချမ်းချမ်းက သမီးကြီး မြမိုးဂင်္ဂါ နဲ့ အတူတူ ဗိုက်ထဲက သမီးငယ်လေး မြမိုးဟင်္သာကို ဂရုစိုက်စောင့်ရှောက် နေတာပဲ ဖြစ်ပါတယ်။

ဗိုက်ထဲက သမီးငယ် ကိုလည်း ဂရုစိုက်စောင့်ရှောက်နေ သလို မြမိုးဂင်္ဂါ လေးအတွက်လည်း လိုအပ်တာ မှန်သမျှဖြည့်ဆည်းပေး နေတဲ့ ချမ်းချမ်း က ဒီတစ်ခေါက်မှာတော့ ဂင်္ဂါလေး အတွက် နှစ်သစ် လက်ဆောင်အဖြစ် ကိုယ်ပိုင် အခန်းလေး တစ်ခန်း လက်ဆောင်ပေးခဲ့ပါတယ်။ ချမ်းချမ်းက ” နောက်ဆုံးတော့ နှစ်သစ်မှာ သူမရဲ့ကိုယ်ပိုင် အခန်းလေးကို ရရှိသွားခဲ့ပြီ။ ပန်းရောင် ကောဇော် နဲ့ ချစ်စရာကောင်းတဲ့ အိပ်ယာလေး ကိုတော့ ထပ်ထည့် ပေးဖို့ ကျန်နေသေးတယ်။ မေမေသမီးကို အရမ်းချစ်တယ် ပန်းရောင် မင်းသမီးလေးရေ.. ” ဆိုပြီး သူမ ရဲ့ သမီးလေး အတွက် ဖြည့်ဆည်း ပေးခဲ့တာ ကို မျှဝေ ပေးလာပါတယ်။

ချမ်းချမ်း ကတော့ သမီးလေး မြမိုးဂင်္ဂါ အကြိုက် တစ်ခန်းလုံး ကို ပန်းရောင်လေး တွေ လွှမ်းခြုံဖို့ အစစအရာရာ ပြင်ဆင် ပေးနေတာပဲ ဖြစ်ပါတယ်။ ဂင်္ဂါလေးလည်း မေမေ့ရဲ့ နှစ်သစ် လက်ဆောင်ကို ကြိုက်နှစ်သက် မှာ အသေအချာ ပါပဲနော်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

Source: Chan Nyein’s fb
Bilie – Cele Connections