သ႐ုပ္ေဆာင္ ေခးဆက္သြင္ ကေတာ့ ႐ုပ္သံ ဇာတ္လမ္း တြဲမ်ားတြင္ ပါဝင္ သ႐ုပ္ေဆာင္ရင္း ပရိသတ္ ေတြရဲ့အားေပး ဝန္းရံျခင္း ကို ရရွိလာ တာလည္း ျဖစ္ပါတယ္။ စုေဆာင္း ထားတဲ့ အႏုပညာ ေၾကး ေတြနဲ႔ အလႉ အတန္းေတြ လည္း အျမဲလိုလို လႉဒါန္းသူ တစ္ဦး ျဖစ္တာ ေၾကာင့္ လူတိုင္းက အားက် အတု ယူေနၾကတာပါ။ သူမကေတာ့ လက္ရွိ ျဖစ္ေပၚေနတဲ့ ျမန္မာနိုင္ငံက လူထု လႈပ္ရွားမႈေတြ မွာလည္း ျပည္သူေတြ နဲ႔ အတူ တက္ႂကြစြာ ပူးေပါင္း ပါဝင္ေန တာကို လည္း ျမင္ေတြ႕ၾကရမွာပါ။.

ေဖေဖာ္ဝါရီလ အစပိုင္း ကတည္း ကေန ယေန႔ခ်ိန္ အထိ ဒီလႈပ္ရွား မႈနဲ႔ ပတ္သက္ ၿပီး ႀကိဳးစား ပမ္းစား Speak Out လုပ္ေပး ေနတာ ေၾကာင့္လည္း ပရိသတ္ေတြရဲ့ ခ်ီးက်ဴး ျခင္းေတြကို ရရွိ ထားတာ လည္း ျဖစ္ပါတယ္။ ဒါ့ အျပင္ တတ္နိုင္တဲ့ ဘက္ကေန စားဝတ္ ေနေရး ခက္ခဲ ေနၾကတဲ့ ျပည္သူ ေတြ အတြက္ စားနပ္ ရိကၡာမ်ား လည္း လႉဒါန္း ေပးေနတာပါ။ မၾကာေသးခင္ နာရီပိုင္း ေလာက္ကလည္း ေခးဆက္သြင္ ရဲ့ လူမႈ ကြန္ယက္ စာမ်က္ႏွာ တြင္ လက္ရွိ အေျခအေနေတြေၾကာင့္ အလႉေတြ လႉတဲ့ အခါ စိတ္ခ် ယုံၾကည္တဲ့ သူထံ တြင္သာ လႉဒါန္း သင့္ေၾကာင့္ ေရးသား ေျပာၿပ လာတာပဲ ျဖစ္ပါတယ္။

သူမကလည္း “အလႉေတြ လႉတဲ့အခါ အလႉခံၿပီး တစ္ဆင့္ ေဆာင္ရြက္ ေပးၾကတဲ့သူေတြက လုံျခဳံေရး အရေရာ အသက္ အႏၲရာယ္အတြက္ ေရာ တခ်ိဳ႕မွတ္တမ္းတင္မေပးတာ အေသးစိတ္ မေဖာ္ျပေပးနိုင္တာရွိပါလိမ့္မယ္ ယုံၾကည္ စိတ္ခ်ရတဲ့သူမ်ိဳး လိုအပ္ေနတဲ့ သူေတြလက္ထဲ အေရာက္ ထည့္ေပးနိုင္တဲ့ သူမ်ိဳးဆီမွာ စိတ္ျပတ္ျပတ္ နဲ႔ လႉတာေကာင္းပါတယ္… အေရးေတာ္ပုံ ေအာင္ျမင္ဖို႔ ဘယ္လက္ ကလႉတာ ညာလက္မသိၾကပါစို႔ အေရးေတာ္ပုံႀကီး ေအာင္ေတာ့မွ ဒို႔ကေတာ့ ဘာေတြလုပ္ခဲ့လဲ ဘယ္ေလာက္ လႉခဲ့လဲဆိုတာ ႂကြားေတာ့ မယ္ကြာ ” ဆိုၿပီး လက္ရွိမွာ လုပ္သင့္တဲ့ အရာ ေလးေတြကို ေျပာၿပ လာတာ ျဖစ္တဲ့အတြက္ ပရိသတ္ေတြလည္း သိရွိ ရေအာင္ ဒီသတင္း ေလးကို တစ္ဆင့္ ျပန္လည္ ကူးယူ တင္ဆက္ ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Khay Sett Thwin’s Facebook Account

UNICODE

သရုပ်ဆောင် ခေးဆက်သွင် ကတော့ ရုပ်သံ ဇာတ်လမ်း တွဲများတွင် ပါဝင် သရုပ်ဆောင်ရင်း ပရိသတ် တွေရဲ့အားပေး ဝန်းရံခြင်း ကို ရရှိလာ တာလည်း ဖြစ်ပါတယ်။ စုဆောင်း ထားတဲ့ အနုပညာ ကြေး တွေနဲ့ အလှူ အတန်းတွေ လည်း အမြဲလိုလို လှူဒါန်းသူ တစ်ဦး ဖြစ်တာ ကြောင့် လူတိုင်းက အားကျ အတု ယူနေကြတာပါ။ သူမကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက လူထု လှုပ်ရှားမှုတွေ မှာလည်း ပြည်သူတွေ နဲ့ အတူ တက်ကြွစွာ ပူးပေါင်း ပါဝင်နေ တာကို လည်း မြင်တွေ့ကြရမှာပါ။.

ဖေဖော်ဝါရီလ အစပိုင်း ကတည်း ကနေ ယနေ့ချိန် အထိ ဒီလှုပ်ရှား မှုနဲ့ ပတ်သက် ပြီး ကြိုးစား ပမ်းစား Speak Out လုပ်ပေး နေတာ ကြောင့်လည်း ပရိသတ်တွေရဲ့ ချီးကျူး ခြင်းတွေကို ရရှိ ထားတာ လည်း ဖြစ်ပါတယ်။ ဒါ့ အပြင် တတ်နိုင်တဲ့ ဘက်ကနေ စားဝတ် နေရေး ခက်ခဲ နေကြတဲ့ ပြည်သူ တွေ အတွက် စားနပ် ရိက္ခာများ လည်း လှူဒါန်း ပေးနေတာပါ။ မကြာသေးခင် နာရီပိုင်း လောက်ကလည်း ခေးဆက်သွင် ရဲ့ လူမှု ကွန်ယက် စာမျက်နှာ တွင် လက်ရှိ အခြေအနေတွေကြောင့် အလှူတွေ လှူတဲ့ အခါ စိတ်ချ ယုံကြည်တဲ့ သူထံ တွင်သာ လှူဒါန်း သင့်ကြောင့် ရေးသား ပြောပြ လာတာပဲ ဖြစ်ပါတယ်။

သူမကလည်း “အလှူတွေ လှူတဲ့အခါ အလှူခံပြီး တစ်ဆင့် ဆောင်ရွက် ပေးကြတဲ့သူတွေက လုံခြုံရေး အရရော အသက် အန္တရာယ်အတွက် ရော တချို့မှတ်တမ်းတင်မပေးတာ အသေးစိတ် မဖော်ပြပေးနိုင်တာရှိပါလိမ့်မယ် ယုံကြည် စိတ်ချရတဲ့သူမျိုး လိုအပ်နေတဲ့ သူတွေလက်ထဲ အရောက် ထည့်ပေးနိုင်တဲ့ သူမျိုးဆီမှာ စိတ်ပြတ်ပြတ် နဲ့ လှူတာကောင်းပါတယ်… အရေးတော်ပုံ အောင်မြင်ဖို့ ဘယ်လက် ကလှူတာ ညာလက်မသိကြပါစို့ အရေးတော်ပုံကြီး အောင်တော့မှ ဒို့ကတော့ ဘာတွေလုပ်ခဲ့လဲ ဘယ်လောက် လှူခဲ့လဲဆိုတာ ကြွားတော့ မယ်ကွာ ” ဆိုပြီး လက်ရှိမှာ လုပ်သင့်တဲ့ အရာ လေးတွေကို ပြောပြ လာတာ ဖြစ်တဲ့အတွက် ပရိသတ်တွေလည်း သိရှိ ရအောင် ဒီသတင်း လေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khay Sett Thwin’s Facebook Account