



unicode

ပြည်သူချစ်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ ခုဖြစ်ပွားနေ တဲ့ လက်ရှိအ​ခြေအနေ နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ကာ နေ့စဉ်တိုင်းလိုလို အန္တရာယ်ကြားကနေ လမ်းပေါ်ထွက်ကာ လူငယ်တွေ အနာဂါတ် အတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေး နေတာဖြစ်ပါတယ်။ဒါ့အပြင် အရေးကြီးအချက်အလက်တွေနဲ့ သူရဲ့ရင်ထဲက စစ်မှန်တဲ့ ခံစားချက်တွေ ယုံကြည်ချက်တွေ ကိုလည်း ဖေ့ဘွတ်စာမျက်နှ ာထက်မှာ အမြဲဖော်ပြပေးနေတာလည်းဖြစ်ပါတယ်။

အခုလည်း အသက်စွန့်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အနေနဲ့ အနုပညာမောင်နှမတွေနဲ့အတူ လမ်းမထက်မှာ အန္တရာယ်တွေကြားကနေ ရဲရဲဝင့်ဝင့် ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ ပြန်ပါတယ်။ အင်တိုက်အား တိုက် ပါဝင်အားဖြည့်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့ရင်တွင်းခံစားချက်လေးကိုလည်း ပရိသတ်တွေအတွက် ဝေမျှခဲ့ပါသေးတယ်။

ထိုစာလေးကတော့ ” 28 February နွေဦးတော်လှန်ရေးအတွက်အသက်စွန့် ပြီး တိုက်ပွဲဝင်ခဲ့ကြသော အာဏာရှင်စနစ် ဆိုးကြီးကိုဖီဆန်ရင်း ကျဆုံးခဲ့ကြသောအာဇာနည်သူရဲကောင်းများကို ဝမ်းနည်းစွာဖြင့်ဦးညွတ် အလေးပြုအပ်ပါသည် သို့သော် ဖမ်းလို့ ပစ်လို့ ကျွန်တော် တို့ လမ်းပေါ်မထွက်ရဲခဲ့ဘူးဆိုရင် ကျွန်တော်တို့ပြည်သူအားလုံး အညံ့ခံအရှံးပေးရာကျပါလိမ့်မယ်ဖမ်းတာ ပစ်တာ သူတို့အလုပ် ဆန့်ကျင်ရမှာကျွန်တော်တို့အလုပ်ဒီနေ့ ပစ်နေခတ်နေတဲ့ကြားကကျွန်တော်တို့တွေ ရအောင် ထွက်ခဲ့ကြတယ်လက်တွဲခဲ့ကြသောရဲဘော်ရဲ ဖက်စာပေ သဘင် ဂီတ ရုပ်ရှင် မီဒီယာသူရဲ ကောင်းများအားလုံးအားလုံးအတွက်သူရဲကောင်း ကျောင်းသားပြည်သူအားလုံးအတွက် ရင်ထဲကလှိုက်လှိုက်လဲလဲ ဂုဏ်ယူနေပါတယ် ခင်မျာ”ဆိုတဲ့အကြောင်းအရာလေး ပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း မင်းမော်ကွန်းရဲ့ လေးစားစရာ စိတ်ဓာတ်လေးကိုဂုဏ်ပြုပေးလိုက်ပါအူးနော် ပရိသတ်ကြီး။

Source & Photo Credit : Kyaw Kyaw Htay Lwin Facebook Account