


crd-original

UNICODE

ပရိသတ်ကြီးရေ.. MRTV-4 ဇာတ်ကားတွေ နဲ့ ပရိသတ်တွေ ရဲ့ အသိအမှတ်ပြု အာပေးချစ်ခင် မှုတွေကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသား ဘုန်းဆက်သွင် ကတော့ လက်ရှိ အခြေအနေတွေ မှာ အများပြည်သူ တွေနဲ့ အတူ ရပ်တည်နေ သူပါ..။ဘုန်းဆက်သွင် ကတော့ နေ့ရက်တိုင်းလိုလို လူထု လှုပ်ရှားမှုတွေ ကို ရှေ့ဆုံးကနေ အင်တိုက် အားတိုက်ပါဝင် လှုပ်ရှားနေ သလို လိုအပ်နေတဲ့ နေရာလေးတွေ မှာ လည်း တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းမှု တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်..။

ပြည်သူတွေ အားလုံး နဲ့ အတူ စိတ်ခွန်အား လူအား ၊ ငွေအားတွေ နဲ့ အဖက်ဖက် ကနေ အားကြိုး မာန်တက် ပါဝင်အားဖြည့်နေ သလို အသက် ပေးကျ ဆုံးရှုံးသွားတဲ့ သူရဲကောင်း ပြည်သူတွေ အတွက်လည်း ယူကြုံးမရ ဝမ်းနည်းစွာ နဲ့ လှူဒါန်းမှု တွေပြုလုပ် နေတာ တွေ့ရပါတယ်..။မတ်လ (၁၄)ရက်နေ့ တနင်္ဂနွေနေ့ က တောင်ဥက္ကလာမှာ ကျဆုံးသွားတဲ့ အသက်(၁၉) နှစ်အရွယ် သူရဲကောင်းလေး မောင်မင်းခန့်စိုး ရဲ့ နာရေးလေးကို ကိုယ်တိုင် သွားရောက်ကာ အလှူရှင် တွေရဲ့ကိုယ်စား အလှူငွေတွေ လှူဒါန်းရင်း ဖေးမ ကူညီခဲ့ ပြန်ပါတယ်..။

“မနေ့က တောင်ဥက္ကလာ တွင် ကျဆုံးသွား သော သူရဲကောင်း ညီလေး မင်းခန့်စိုး မိသားစု အား မိဘပြည်သူ အလှူ့ ရှင် များ ကိုယ်စား အလှူငွေ ၁၀၀၀၀၀ သွားရောက် လှူဒါန်း ပေးခဲ့ပါသည်။Rest In Power ပါ မြန်မာနိုင်ငံ မှ သူရဲကောင်းများ ခင်ဗျာ 😞🙏🙏🙏..” ဆိုပြီး ဘုန်းဆက်သွင် က မျှဝေ ပြောပြထားတာပါ..။လှုပ်ရှားမှုတွေ မှာ ကိုယ်တိုင် ပါဝင်နေသလို လှူဒါန်းမှု တွေလည်း ပြုလုပ် နေတဲ့ ဘုန်းဆက်သွင် ကို ပရိသတ်တွေ ကလည်း လေးစားချီးကျူးနေကြသလို သူ့ရဲ့ လှုပ်ရှားမှုပုံရိပ် လေးတွေကိုလည်း အားလုံးအတွက် တင်ဆက် ပေးလိုက်ပါတယ်နော်..။

crd-original